part19💖(uni& zawgyi)

414 22 10
                                    

ကုမ်ပဏီရဲ့ ဒိတ်ဒိတ်ကြဲ Kim taehyung သည် top 10စာရင်းဝင်မလို့ မည်သူမျှ မငေးကြည့်ပဲမနေနိုင်ခဲ့ကြပေ

စိမ်ခံကားပေါ်ကနေ  တစ်လှမ်းချင်းလှမ်းကာ ဆင်းလာသော Kim taehyung သည်
တကယ့်ကို ထိပ်တန်း သူဠေးပင် သိသိသာသာ သိနိုင်သည်

ဘေးနားမှ  ဖြတ်သွားဖြတ်လာ ဝန်ထမ်းများသည် kim taehyung ဆိုသော ceo အား မငေးကြည့်ပဲ မနေနိုင်ကြပေ

Taehyung ရဲ့ အရှိန်အဝါနှင့်အတူ ဘေးနားက အတွင်းရေမှူးပေါက်စလေးသည်လည်း တကယ့်ကို ချစ်စရာကောင်းနေပြန်သည်

Jungkookလေးသည် taehyung ဘေးနားကနေ စာရင်းအိတ်လေးသယ်ကာ ရပ်နေလျက်ဖြင့်ပင် ရုတ်တရက် ကြည့်လျှင် နှစ်ယောက်သား က လိုက်ဖက်နေလေတယ်

"ကလေး ကိုယ့်အနောက်က လိုက်ခဲ့ "

ဆိုကာ ဘေးနားက driver အသစ်က နှစ်ယောက်သားကို ငေး‌ကြည့်လျက်နှင့်ကြောင်နေပြန်သည်

"ဟုတ် ကိုကို"

နှစ်ယောက်သားသည် အတိုင်းအဖောက်ညီလျက်နှင့် လမ်းလျှောက်သွားပုံသည် ဝန်ထမ်းတွေအားလုံးသည်လည်း ခေါင်းငုံ့  အရိုသေပေးကြရလေသည်

taehyung တစ်ယောက် သူ့ရုံးခန်းဆီကိုသာ ဦးတည်လေသည်

အနောက်က တစ်ကောက်ကောက်နဲ့လိုက်သွားသော Jungkook လေးသည် တကယ့်ချစ်စရာလေး

အခန်းထဲ ရောက်ခါ taehyung သည် ထိုင်ခုံပေါ်ထိုင်လိုက်သည်နှင့် ချစ်ရသူကလေးကလည်း သူ့ခုံဆီ သွားကာ အပြေးထိုင်လေသည်

"ကလေး~~~"

အသံဩဩရှရှကြီးက ရုတ်တရက် ကြီးမို့ လန့်သွားသော Jungkook လေးသည် မျက်ဝန်းလေးတွေက ဝိုင်းစက်သွားရသည်

မျက်နှာနုနုကလေးထက် ပန်းရောင်လှိုင်းကလေး ဖြတ်သွားသလို ခံစားချက်နှင့် လူကလည်း ပူလာသည်

ဘာကြောင့်ဆို  အခု ကျွန်တော်ဆွယ်သားလည်ပိတ်ကို ဝတ်ထားတာမို့ပင်ဖြစ်သည်

အားလုံး ကိုကို့ ကြောင့်လေ လူ့လည်ပင်းကို လုပ်ထားတာ မြင်ရသူအဖို့ လန့်ပြီး သတိလစ်မယ့်အဖြစ်

"ဗျ ဗျာ ကိုကို"

"စာရင်းတွေ စစ်ဖို့ ရှိသေးတယ်နော်"

My Boss💖Where stories live. Discover now