Chapter (6)

7.6K 1.2K 46
                                    

Unicode 🌻

ထိုအချိန်မှာပင် ကျီးဝမ့်၏အသက်ရှုနှုန်းများရပ်တန့်သွားကာ အဆုံးမရှိသည့်ဒေါသများပေါက်ကွဲထွက်လာရသည်။ ဒီနှစ်တွေအတွင်းမှာ ခတ်ခဲမှုတွေကို ကိုယ်တိုင်‌သည်းခံနိုင်စွမ်းရှိအောင်သာ မကြိုးစားမိခဲ့ဘူးဆိုလျှင် သူအခုချိန် ဓားကိုပစ်ချပြီး ရိုက်ကွင်းကနှုတ်ထွက်သွားမှာဖြစ်သည်။

ဒီအတိုင်းသာဆို ချီပေါ်ယန်က အစကတည်းကသူ့ကိုမှတ်မိနေခဲ့တာဖြစ်ပြီး သူ့ခါးမှာလှံကိုထောက်ခဲ့တာရော သူ့မျက်နှာဖုံးပေါ်မှာသွေးကိုသုတ်ခဲ့တာရောက တမင်သက်သက်ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာဖြစ်ရမည်။

ဘာလို့လဲ? သူ(ကျီးဝမ့်)ဘယ်လောက်တောင်ထိန်းချုပ်မှုကင်းမဲ့သွားနိုင်မလဲဆိုသည်ကို တွေ့ချင်နေခြင်းလား?

သူအလွန်အမင်းအံ့ဩနေခြင်းက အလွန်သိသာနေပုံရပြီး ချီပေါ်ယန်၏လက်က ထက်ရှတဲ့ဓားသွားတစ်လျှောက်စုန်တက်သွားပြီး သူ့ခန္ဓာကိုယ်‌အောက်ဘက်ပိုင်း ခါးပေါ်တွင်ရပ်တန့်သွားကာ သဘောရှိတိုင်းထိကိုင်ထားသည်။

ချီပေါ်ယန်ကသူ့အပြုအမူကဘယ်လောက်တောင် မသင့်လျော်လဲဆိုသည်ကို သိပုံမရသည့်ပုံပင်။

"ဒီလိုဖုံးကွယ်ထားရုံနဲ့ ကျွန်တော်က ခင်ဗျားကိုမမှတ်မိနိုင်တော့ဘူးလို့ထင်နေတာလား?" ချီပေါ်ယန်ရဲ့အသံတွင်အပြုံးရိပ်များစွန်းထင်းနေသည်။

ပြောပြီးနောက်မှာပင် ချီပေါ်ယန်၏အကြည့်များက ကျီးဝမ့်ရဲ့ ခါးနဲ့ဝမ်းဗိုက်ပိုင်းဆီသို့သက်ဆင်းသွားသည်။ "ပိန်သွားတယ်"

ကျီးဝမ်ဆက်ပြီးသည်းမခံနိုင်တော့တာကြောင့် ချီပေါ်ယန်စလက်များအား ပုတ်ထုတ်လိုက်ကာ နောက်သို့ ခြေလှမ်းအနည်းငယ်လောက်ဆုတ်လိုက်သည်။ ဘေးပတ်ဝန်းကျင်ကိုတချက်အကဲခတ်ကြည့်လိုက်တဲ့အခါမှာတော့ သူထင်ထားသည့်အတိုင်းပင် သူတို့နှစ်ယောက်ကို မေးမြန်းစပ်စုချင်သည့်ပုံစံမျိုးဖြင့်ကြည့်နေကြပြီး ရှောင်ရွှိကပိုပြီးတော့တောင်အံ့အားသင့်နေပုံပေါ်သည်။

"တော်လောက်ပြီ!" ကျီးဝမ့်ကဟန့်တားလိုက်သည်:"ငါ့ကိုထပ်ပြီးမနှောက်ယှက်နဲ့တော့!"

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now