Chapter (55)

5.6K 1K 128
                                    

Unicode 🌻

ကျီးဝမ်က ချီပေါ်ယန်၏လက်ကိုင် လှမ်းကိုင်လိုက်ကာ တိတ်တဆိတ်အားပေးလိုက်သည်။ ကံကောင်းစွာပင် ချီပေါ်ယန်သည် အလျှင်အမြန်ပင် ပြန်၍စိတ်တည်ငြိမ်သွားသည်။

ထို့နောက် သူ၏ငယ်ဘဝနှင့်ပတ်သက်သည့် အကြောင်းတစုံတရာကို ပြောပြခဲ့သည်။ သူအသက်၁၃နှစ်၌ အရမ်းသဘောကျသည့် ခွေးလေးတစ်ကောင်ရှိခဲ့ဖူးသည်။ နှင်းလိုဖြူဖွေးနေသည့် အမွှေးရှိပြီ နားရွက်အကျလေးနှင့်ထိုခွေးလေးကို ချီပေါ်ယန်က လုလု ဟုနာမည်ပေးခဲ့သည်။

အစကတော့ သူ့အမေက ခွေးမမွေးစေချင်ပေမယ့် မရမကတောင်းဆိုမှုကြောင့် ခွင့်ပြုပေးခဲ့သည်။ ထိုခွေးလေးသည် သူနှင့်အတူနေခဲ့သည်မှာ ၁နှစ်ရှိခဲ့ပြီဖြစ်သည်။ တစ်နေ့ သူ့အပြင်မှ အိမ်သို့ပြန်ရောက်လာသည့်အခါ ချီထျန်းက သူ့အိမ်၏ထမင်းစားပွဲတွင်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။

ထိုလူက ဒီနေရာမှာရှိနေသင့်သည့်သူမဟုတ်ပေ။ အရာရာကထူးဆန်းနေသည်။

ကျီးဝမ်က ချီပေါ်ယန်၏ စကားအား တိတ်တဆိတ်သာနားထောင်လို့နေပြီး ကြားဖြတ်ဝင်ရောက်ကာ မည့်သည့်မေးခွန်းကိုမှမေးမြန်းခြင်းမရှိပေ။ ဥပမာအားဖြင့် ချီထျန်းကဘာလို့ ချီပေါ်ယန်ရဲ့အိမ်မှာပေါ်မလာသင့်တာလဲ သူတို့ကညီအစ်ကိုတွေပဲမဟုတ်ဘူးလား?

ချီပေါ်ယန်ကဆက်ပြောလာသည်။ သူ့အမေက ထမင်းစားပွဲဘေးနားတွင် ထိတ်လန့်တုန်လှုပ်စွာ မတ်တပ်ရပ်နေသည်။ သူ(မ)သည် သူ(မ)ထက် အသက်၂၀ငယ်သည့် ထိုလူကိုကြောက်လန့်နေခဲ့သည်။

ထိုစကားအားကြားသည့်အခါ သူတို့ညီအစ်ကိုနှစ်ယောက်က အဖေအမေကွဲဆိုတာကို ကျီးဝမ်နားလည်လိုက်သည်။

ဆက်လက်ပြီး သူသည်ရုတ်တရက် ရန့်ရန်၏ခန္ဓာကိုယ်ပေါ်က Mark ကိုသတိရလိုက်သည်။ ထို Mark ၏ အကြီးဆုံးသံသယဖြစ်ရမည့်သူမှာ ချီပေါ်ယန်၏ အဖေတူအမေကွဲအစ်ကို ချီထျန်းပင်ဖြစ်နေပုံရသည်။

ညီအစ်ကိုများကြားမှ Pheromone မျိုးရိုးဗီဇတူညီမှုမှာ အလွန်မြင့်မားခြင်းသည် ပုံမှန်ကိစ္စရပ်ပင်ဖြစ်သည်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now