Chapter (62)

6.4K 956 57
                                    

Unicode 🌻

ပူစီနံလေးများက အင်တာနက်ပေါ်တွင် ခေါင်းစဉ်တစ်ခုအား မဲခွဲဆုံးဖြတ်လျှက်ရှိကြသည်  : [ သခင်ကြီးချီကို မင်းတို့ ဘယ်အနေအထားမျိုးနဲ့တွေ့ချင်လဲ]

သူတို့သာ တကယ်တွေ့ခွင့်ရှိလျှင် ယခုအချိန်တွင်‌ချီပေါ်ယန်သည် Bathrobeတစ်ထည်တည်းကိုသာဝတ်ဆင်ထားပြီး သူ၏ဆံပင်အရှည်များက ညာဘက်ပုခုံးပေါ်တွင်ရှိနေကာ မျက်နှာပေါ်၌ အလွန်မှရွှင်လန်းတက်ကြွနေသည့် အမူအရာမျိုးရှိနေသည်။ ထိုအနေအထားမျိုးသည် မဲပေးရမည့်ခေါင်းစဉ်အောက်ရှိ ထိပ်ဆုံးအချက်သုံးချက်နှင့်ညီနေသည်။

သို့သော် ဒီလို သာယာနာပျော်ဖွယ်မြင်ကွင်းမျိုးကို လူတစ်ယောက်သာမြင်ခွင့်ရှိသည်။ ထိုလူ ကျီးဝမ်ကတော့ ကုတင်ပေါ်တွင် မလှုပ်နိုင်မရှားနိုင်ဖြင့် မှောက်လျှက်လှဲနေရပြီး ကုတင်ဘေးနား၌ ရပ်နေသည့် အလှအပလေးကို နည်းနည်းလေးတောင် လှမ်းကြည့်ချင်မနေပေ။

ချီပေါ်ယန်က ဆန်ပြုတ်တစ်ပန်းကန်ဖြင့် အနားသို့ရောက်လာကာ မျက်မှောင်များကျုံ့ထားသော်လည်း သူမျက်လုံးများ၌ အားနာတောင်းပန်လိုဟန်တော့ သိပ်ရှိမနေပေ။ သူက ညှင်သာစွာပြောလိုက်သည် " ကိုကို... ဆန်ပြုတ်နည်းနည်းသောက်ရအောင်လေ"

ကျီးဝမ်က သူ့မျက်နှာရှေ့ရှိ အိပ်ရာခင်းစကို ဆုပ်ကိုင်လိုက်သည်။ ခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်သည်အခါ ခါးအောက်ဘက်သည် ‌မခံမရပ်နိုင်အောင် ကိုက်ခဲနာကျင်နေရသည်။

အသက်ပြင်းပြင်းရှုသွင်းကာ တရားခံကိုလှမ်းပြောလိုက်သည် " အကိုက်အခဲပျောက်ဆေးပေး"

ကျီးဝမ်သည် သန်မာလှသည့်Alpha တစ်ယောက်ဖြစ်သည့်အတွက်ကြောင့်သာ တစ်ညလုံး အင်အားယုတ်လျှာ့သွားတာတောင်မှ ယခုလိုထထိုင်နိုင်ခြင်းဖြစ်သည်။ ကျီးဝမ်က ကိုယ့်ရင်ဘက်ကို ငုံ့ကြည့်လိုက်သည် " ငါကို အနာကပ်ပလာစတာ ၂ခုယူပေး ... မဟုတ်ရင် ငါအင်္ကျီတောင်ဝတ်လို့ရမှာမဟုတ်ဘူး"

ချီပေါ်ယန်၏အကြည့်များက ကျီးဝမ်၏ရင်ဘက်ဆီသို့ သက်ဆင်းသွားကာ ခဏမျှကြည့်နေရင်း သူကိုယ်တိုင်ဖန်တီးခဲ့သည့် အပြောင်မြောက်ဆုံးလက်ရာကြောင့် စိတ်ကျေနပ်သွားသည်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now