Chapter (54)

5.8K 997 55
                                    

Unicode 🌻

ကျီးဝမ်က ငါးစာချလိုက်သည်။ ထို့နောက် ချီပေါ်ယန်၏ မေးဖျားကိုလွှတ်ပေးလိုက်ကာ ဆိုဖာနောက်ကျောကိုသာ ပြန်မှီနေလိုက်သည် " ကောင်းပြီ... ရှောင်ရွှိကိုအပြင်ထွက်လာခိုင်းလိုက်"

သူ၏အသံမှာ ပျင်းတိပျင်းရွဲဖြစ်နေသည်။ ရုတ်တရက် ခပ်ပူပူဖြစ်နေသည့် လက်တစ်ဖက်သည် သူ၏ခြေကျင်းဝတ်ကို ဆုပ်ကိုင်လိုက်သည်။ ချီပေါ်ယန်၏ လက်ဖဝါးပြင်မှာ အလွန်မှနွေးထွေးလွန်းလှသည်။ လက်ချောင်များကလည်း သွယ်လျှကာရှည်လျားလွန်းသဖြင့် ခြေကျင်းဝတ်တစ်ခုလုံးအား တပတ်အပြည့်ရစ်ပတ်နိုင်လုနီးပါးပင်"ကျွန်တော်လိုချင်တာက ဘာလဲ?"

ကျီးဝမ်သည် ခြေထောက်ကိုမြှောက်ကာ အားသိပ်မစိုက်ပဲ ချီပေါ်ယန်၏လက်ချောင်းများကြားမှ သူ၏ခြေထောက်အားပြန်ဆွဲထုတ်နေလိုက်သည်။ ထို့နောက် ချီပေါ်ယန်၏ခြေထောက်အပေါ် ခပ်ဖွဖွနင်းလိုက်သည် " မင်းပြောကြည့်လေ"

ချီပေါ်ယန်ဆက်ပြောမည့်စကားကို စောင့်မနေတော့ပဲ ခြေထောက်ကို ဆက်ခနဲ ဆွဲယူလိုက်ကာ ကျယ်ကျယ်လောင်လောင်အော်ပြောလိုက်သည် " ရှောင်ရွှိ"

သိပ်မကြာခင်မှာပဲ ရှောင်ရွှိ၏ခန္ဓာကိုယ်တစ်ဝက်သည် အခန်းထဲမှ ခက်ခက်ခဲခဲထွက်လာသည်။ ဆံပင်များကလည်း ရှုပ်ပွနေကာ မျက်နှာမှာလည်းနီမြန်းလို့နေသည်။
" အစ်ကို ... အစ်ကို အဆင်ပြေရဲ့လား?"

"လိဖုန်း... ငါမင်းကိုသတိပေးလိုက်မယ်နော်... နောက်တစ်ခါ ငါ့ကိုထပ်ပြီး အတင်းအကျပ်ဖိအားပေးလို့ကတော့... မင်းသတိထားနေတော့ .. ငါမင်းကိုသေအောင်ရိုက်ပစ်မှာ" ရှောင်ရွှိကအော်ကြီးဟစ်ကျယ်ချိန်းခြောက်လို့နေပြီး နောက်တခဏအတွင်းမှာပဲ အခန်းထဲသို့ ပြန်ဆွဲခေါ်ခံလိုက်ရပြီး အသံမှာလည်းပျောက်ကွယ်သွားခဲ့သည်။

ကျီးဝမ်ကမျက်မှောင်ကျုံ့ကာ ဧည့်သည်ခန်းရှိရာဆီသို့လျှောက်သွားလိုက်သည်။ တံခါးကိုတွန်းဖွင့်လိုက်သည့်အခါ လိဖုန်းက ဂျူဂျစ်ဇု အားကစားနည်းတွင် တွေ့နေကြပုံစံအနေအထားဖြင့် ရှောင်ရွှိအား ကုတင်ပေါ်တွင်ဖိထားကာ ပါးစပ်ကိုလည်း လက်ဖြင့်ပိတ်ထားသေးသည်။

Give Up (詬病) 🌻[MM translation U/Z ] (Completed)Where stories live. Discover now