part 4 (uni/zawgyi)

23.4K 634 9
                                    

🍀အနှိုင်းမဲ့ချစ်ခြင်း🍀
~~~~~~~~~~~~~~~~~
အပိုင်း(၄)

"ဘယ်လိုဖြစ်ရတာလဲထွယ်ရာ စင်္ကာပူခရီးစဥ်ကနေ မန်းလေးခရီးစဥ်ပြောင်းသွားရတာလဲကွာ"

ထွယ်ကမန်းလေးဆင်းဖို့အကြောင်းဖန်လာတော့ ထူးအိမ်ကပါစင်္ကာပူခရီးစဥ်ဖျက်ကာ ထွယ်နဲ့အတူမန်းလေးဆင်းဖို့ airportသို့ရောက်ရှိနေကြသည်......
"လေးလေးရန်ရဲ့တူမကြီး စေ့စပ်ပွဲကိုတက်ရောက်ပေးဖို့ အမိန့်လွှာရထားလို့"

"ဘာတုန်း လေးလေးရန်ရဲ့တူမကြီးဆိုတာ"

ညီရှင်းထွယ်ရဲ့အငေါ်အတူးစကားကို ထူးအိမ်ကနားမလည်သလိုဖြစ်သွားသည်....

"ငါ့Dadရဲ့တူမပေါ့ကွာ"

"ဘယ်သူလဲ ငါသိတဲ့ထဲကလား ငါမင်းနဲ့ပေါင်းလာတာကြာပြီ မင်းအဖေတူမဆိုတာ တစ်ခါမှမကြားမမြင်ဖူးဘူး"

"ရှိတယ်ကွ Dadရဲ့ အချစ်ဆုံးညီမလေး အန်တီခင်ခင်လေးရဲ့သမီး ခေတ်တစ်ရာခင်တဲ့"

"မင်းအဖေမှာ ညီမ ရှိတယ်ပေါ့လေ"

"အဖွားရဲ့မွေးစားသမီး"

"ငါလည်း ငယ်ငယ်ကဘဲမြင်ဖူးတဲ့ သူ့ကို အခုမသိတော့ဘူး ဒီမှာ ညက Dadရဲ့ဖုန်းထဲကမှ မြင်ဖူးတာ "

"Wow အလှပဂေးလေးဘဲ မင်းအဖေရဲ့တူမက"

"အသက်ဘယ်လောက်လဲ သူက"

"ငါတို့နဲ့ရွယ်တူဘဲ ငယ်လည်း လပိုင်းလောက်ပေါ့"
~~~~~~~~~~~~~~~
သိပ်မကြာခင်အချိန်လောက်မှာဘဲ မန်းလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကာ တွေ့ရာ သုံးဘီးငှားကာ လေးလေးရန်ရဲ့ တူမကြီး ရှိရာသို့ခရီးဆက်ကြသည်......

ထိုစဥ် မီးပိွုင့်မိနေတုန်း သူတို့ သုံးဘီးဘေးမှာလာရပ်တဲ့ဆိုင်ကယ်ပေါ်က အရိပ်ကလေးတစ်ခု ...သူမပါလား ယုန်ဖြူမလေး သေချာပါတယ် သူ့၏ဖုန်းကိုထုတ်ကာဖုန်းထဲကပုံနဲ့တိုက်ကြည့်လိုက်တော့ သူမမှသူမအစစ်ဆိုတာသေချာသွားလေသည်.....

မကြာခင် မီးပွိုင့်ကပြန်စိမ်းသွားကာ ထိုအရိပ်ဖြူကလေးနဲ့အတူဆိုင်ကယ်ကလည်းထွက်သွားလေတော့သည်....

"အကို ဟို ဆိုင်ကယ် အဖြူရောင်ဂါ၀န်ရှည်နဲ့ကောင်မလေးနောက်လိုက်ပေးပါလား"

🍀အနှိုင်းမဲ့ချစ်ခြင်း🍀Where stories live. Discover now