part 30 (uni/zawgyi)

22.9K 502 24
                                    

🍀အနှိုင်းမဲ့ချစ်ခြင်း🍀
~~~~~~~~~~~~~~~~~
အပိုင်း(30)

ခဏအကြာမှာဖရဲခင်းပိုင်ရှင်ဦးလေးကြီးရောက်လာကာသူ့အကူအညီနဲ့ဘဲရာရာတို့ကားကအဆင်ပြေသွားခဲ့ကာ အိမ်သို့သာပြန်လာခဲ့လိုက်ကြတော့သည်.....

တစ်လမ်းလုံးBunnyကတော့ စကားလည်းတစ်လုံးမှမပြောသလိုသူ့ဘက်တောင်မလှည့် လမ်းကိုသာငေးမောနေပုံအရသူနဲ့မျက်နှာချင်းဆိုင်ဖို့ခက်ခဲနေပုံရသည်.....
သူကတော့ ကားသာမောင်းနေရတာ ခါးကအသေနာနေသည် ညကအရှိန်နဲ့ရော တစ်ညလုံးငုတ်တုတ်ထိုင်ခဲ့တဲ့ရလဒ်က ခါးကအတော်နာနေတော့သည်....

ပေါ်တီကိုအောက်မှာကားရပ်ကာ ဆင်းလာချိန် သူခြေလှမ်းအနည်းငယ် ယိုင်သွားတော့ Bunnyကပြေးကာလာတွဲလေသည်....

"ဘာဖြစ်တာလဲ ညီရှင်း"

"ခါးနည်းနည်းနာနေလို့"

"ထင်သားဘဲတစ်ညလုံးထိုင်ပြီးအိပ်ထားတာ ဒဏ်ဖြစ်ရောပေါ့ ရှင်ကလည်း ကျွန်မအိပ်ပျော်သွားရင် ဘေးချလိုက်တာမဟုတ်ဘူး "

"အော် ကောက်ရိုးပုံပေါ်မင်းဖိအိပ်ရင် မျက်နှာလှလှလေး အရာထင်သွားမှာဆိုးလ်ု့ပေါ့"

"ဟင်"

သူကသာပြောလိုက်တာရိုးရိုးလေးပေမယ့်ရာရာမှာတော့ရင်ထဲ မြင်းတစ်ကောင်ခုန်ပေါက်နေသလိုဖြစ်သွားတော့သည်....

"လာ လာကျွန်မကိုတွဲ"

သူတို့နှစ်ယောက်တွဲလာတာ Dadနဲ့ကိုဟန်ကမြင်တော့ မျက်လုံးပြူးကာကြည့်နေကြသည်....

"ဘာဖြစ်လာတာလဲ ညီက"

"ဘာမှမဖြစ်ပါဘူးကိုဟန်ရဲ့ ခါးနည်းနည်းနာသွားလို့ပါ"

ညီရှင်းပြောလိုက်တာကို ဖခင်ဖြစ်သူနဲ့အကိုဖြစ်သူကပြုံးစိစိတစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်.....

"ဟုတ်လား သွားသွား သားငယ်တို့ သွားနားလိုက် "

'"ဟုတ်ကဲ့ လေးလေးရန်"
~~~~~~~~~~~~~~~
"ဒယ်ဒီ ခါးပါနာသွားတာဆိုတော့ ညကအတော်ခရီးပေါက်တဲ့ပုံဘဲ "

"အေးကွာ ဒယ်ဒီမကြာခင် မြေးတွေထပ်ရတော့မယ်နဲ့တူပါတယ် ဒါပေမယ့် ယောကျာ်းတွေက အဓိက ခါးကောင်းရမှာလေ မဖြစ်သေးဘူး သားငယ်ကို တိုင်းရင်းဆေးဆရာနဲ့ပြပေးရမယ်"

🍀အနှိုင်းမဲ့ချစ်ခြင်း🍀Donde viven las historias. Descúbrelo ahora