part 12 (uni/zawgyi)

17.5K 504 9
                                    

🍀အနှိုင်းမဲ့ချစ်ခြင်း🍀
~~~~~~~~~~~~~~~
အပိုင်း(12)

"ညီရှင်းထွယ် မူးနေရင်လည်း မင်းအခန်းမင်းပြန်တော့"

"အဟား Dad ဟုတ်တယ် သားမူးနေတယ် ဒါပေမယ့် သားဘာလို့မူးလာလဲဘာလို့မမေးတာလဲ"

"သားဘာကြောင့်အရက်တွေသောက်လာလဲဘာလို့Dadမမေးတာလဲ"

"ပြောပါအုံးDadရယ် သား မိန်းမလိုချင်လား မလိုချင်လား မေးခဲ့ဖူးလား"

"သားမင်္ဂလာဆောင်ချင်လားမဆောင်ချင်လားDadမေးခဲ့လား Dad ရာ"

အနီရောင်ကတ္တီပါကော်ဇော်ပေါ် ခြေပစ်လက်ပစ်ထိုင်ချကာ သူ့အဖေကိုရန်တွေ့နေရှာတဲ့သားငယ်လေးကိုဒေါ်ထိပ်ထားစံမကြည့်ရက်ရှာပါ.....

"Mom Mom"

"မာမီ ဒီမှာရှိတယ်သားငယ်လေး"

ဒေါ်ထိပ်ထားစံဟာ သားငယ်ရဲ့ဘေးမှာ ဒူးလေးထောက်ကာ သားငယ်ရဲ့လက်လေးကိုဆုပ်ကိုင်ထားမိသည်.....

"Momသိလား Dadကလေ သားကိုအမြဲရွေးချယ်ခွင့်အမြဲပေးခဲ့တာသိလား ငယ်ငယ်တုန်းကလေ Dadကသကြားလုံး၀ယ်လာရင်တောင် သားငယ်ရေ ချောကလက်စားမလား milkစားမလားမေးခဲ့တာ"

"ဒါပေမယ့် အခုကျတော့ သားဘ၀ရဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်၊သားဘ၀ရဲ့ပျော်ရွှင်မှု "

"ဒါမျိုးကျတော့ ဘာလို့သားကို မမေးတော့တာလဲ ရွေးချယ်ခွင့်မပေးတော့တာလည်းDad"

"ဘာလို့လည်းဆိုတော့ ဒီဆုံးဖြတ်ချက်ကသားအတွက်အသင့်တော်ဆုံးအမှန်ဆုံးမို့လို့ပါ...."

"Not Dad"

"NO ဒီဆုံးဖြတ်ချက်က သားအတွက်တော့အမှား Dadတူမအတွက်ဘဲ ဒီဆုံးဖြတ်ချက်က မှန်တာ သားအတွက်တော့ အမှား အမှား"

"Dad တူမကို သား မုန်းတယ် မုန်းတယ်"

မျက်ရည်တွေကျကာငိုနေတဲ့သားငယ်ကိုသူနားလည်ပါတယ် ဒါပေမယ့် ဖခင်တစ်ယောက်အနေနဲ့လုပ်သင့်တာကိုလုပ်ရမည်ဖြစ်သည်.....

"သားထွယ် သားအခုက အာရုံတွေထွေပါးနေလို့ သားအာရုံတွေများနေတာ နောက်ဆို Dadဆုံးဖြတ်ချက်မှန်တာ သားမြင်လာလိမ့်မယ်"

🍀အနှိုင်းမဲ့ချစ်ခြင်း🍀Where stories live. Discover now