part 55(uni/zawgyi)

14.5K 402 17
                                    

🍀အနှိုင်းမဲ့ချစ်ခြင်း🍀
~~~~~~~~~~~~~~~
အပိုင်း(55)

ဒီနေ့ ကိုက လာတောင်းရမ်းမယ်ဆိုလို့ရာရာအလှဆုံးပြင်ရင်း ထိုင်စောင့်နေပေမယ့် မိဘများကတော့သိပ်မျက်နှာမသာယာလှ....

အိမ်မှာ သစ်သစ်တို့လင်မယားကလည်းရောက်နေတာမို့ မိသားစုစုံလင်နေလေသည်...

"မေမေရယ် ဒီနေ့လိုနေ့မျိုးမှာနည်းနည်းပါးပါးပြုံးပါအုံး မေမေက သမီးလက်ထပ်မှာကိုမပျော်လို့လားဟင်"

"မေမေက မပျော်တာမဟုတ်ဘူး မေမေဘာကိုစိုးရိမ်နေလဲသမီးမသိတာလား"

"မေမေအန်တီထားကိုစိုးရိမ်နေတာမဟုတ်လား မေမေသမီးတစ်ခါလောက်တော့ ယုံကြည်ချင်တယ် သူနဲ့သမီးက သူများတွေလို အဆင်ပြေပြေမဟုတ်ပေမယ့် အဆိုးဆုံးအခြေအနေမရောက်အောင် ရာရာကြိုးစားပါ့မယ်"

"မေမေ မစိုးရိမ်ပါနဲ့ ထွယ်လည်းရှိနေတာကို ထွယ်က မရီးကို ဘယ်လောက်ချစ်လိုက်လဲ"

ထူးအိမ်လွင်ကတော့ သူ့မယားညီအကိုဘက်က ဖာထေးကူပြောနေသည်....

"သားထွယ်ကတော့ချစ်တာသိတာပေါ့အရင်တစ်ခါကလည်း ဘေးဘန်းပြသနာတွေကဝင်လာပြီး ဘယ်လိုတွေဖြစ်သွားလဲ တွေ့တယ်မဟုတ်လား"

"အဲ့ကိစ္စနဲ့ပက်သက်ပြီး ဒီကောင်ကြီးနောင်တအကြီးအကျယ်ရနေတာပါ "

" ကဲပါမေမေရယ် ယောက်ဖတို့မကြာခင်လာတော့မယ် ဒီအကြောင်းတွေမပြောကြနဲ့တော့ "

သစ်သစ်စကားတောင်မဆုံးလိုက် ခြံအရှေ့ကားဟွန်းတီးသံတွေကြားရကာ အိမ်ထဲကိုဝင်လာတဲ့ရှင်းစံအိမ်ရဲ့မိသားစုတွေ......
_
_
_
_
အဖြူရောင်ဇာအင်္ကျီရင်ဖုံးလက်ရှည်လေးနဲ့ချိတ်အဖြူလေးကို ဝတ်ဆင်ထားတဲ့Bunnyရဲ့ပုံစံဟာ အရမ်းကိုလှနေကာ သူမှာအိမ်ဝင်ပေါက်ကတည်းကကြည့်နေလွန်းလို့ ကိုဟန်က သတိပေးတားယူရသည့်အထိ......

"မမကြီး"

"ဟယ် ဖိုးစေနဲ့ဖိုးကဲ ကဘယ်လိုလုပ်"

"ကိုယ်ပြောတယ်မဟုတ်လား bunnyဘာမှပူစရာမလိုဘူးဆို ကိုယ်အားလုံးကိုအဆင်ပြေအောင်စီစဥ်ထားတယ်"

"ဒါဆိုသူတို့က"

"သူတို့ကရှေ့လျှောက် ရှင်းစံအိမ်မှာနေမှာ သူတို့ကို ကိုယ် trainningပေးမယ်"

🍀အနှိုင်းမဲ့ချစ်ခြင်း🍀Where stories live. Discover now