part 21 (uni/zawgyi)

18.4K 451 14
                                    

🍀အနှိုင်းမဲ့ချစ်ခြင်း🍀
~~~~~~~~~~~~~~~~~
အပိုင်း (21)

"ကျေးဇူးဘဲ ဘိုဘိုရာ "

"နောက်နေ့တစ်ဝိုင်းကျွေးမယ် "

"မလိုပါဘူး ထွယ်ကြီးရာ အဲ့အိမ်ကလည်းငါ့ဦးလေးက ငါ့ကိုအပ်ထားတာ သူကနိုင်ငံခြားမှာ အေးဆေးသာနေမင်းတို့လင်မယား"

ဘိုဘို ညီရှင်းထွယ်နဲ့စကားပြောရင်းကားပေါ်လှမ်းကြည့်လိုက်တော့ မိန်းကလေးတစ်ဦး အနောက်ကနေဘဲမြင်နေရတော့ သူ့စိတ်ထဲသစ်သစ်ကို ရာရာလို့ဘဲထင်နေသည်.....

"မရီးကလည်း ကားပေါ်ကမဆင်းဘူးကွာ ငါသွားနှုတ်ဆက်အုံးမယ်"

"ဘိုဘို ခဏ မသွားနဲ့"

"ဘာလို့လဲ "

"သူ စိတ်အခြေအနေသိပ်မကောင်းဘူး နေပါစေ သူဘာသာ"

"အော် အေးပါကွာ Sorry မင်းတို့လင်မယားလည်းပြသနာတစ်ခုခုရှိလို့ ငါ့ဆီကအိမ်သော့တောင်းတာပေါ့ ငါမေ့သွားတာ sorryကွာ"

"ရပါတယ် ဘိုဘို "

"ရော့ အိမ်သော့ ငါသွားပြီ မင်းနဲ့မရီးအေးဆေးနားတော့"

ဘိုဘိုထွက်သွားတော့မှ သစ်သစ်ကို သူကားပေါ်က သွားခေါ်ရတော့သည်.....

သော့ကိုဖွင့်ကာ အိမ်ထဲ မီးတွေဖွင့်လိုက်တော့ တစ်ထပ်တိုက်အပုလေးထဲ သူနေရာနဲ့သူ အိမ်သုံးပစ္စည်းအသုံးအဆောင်လေးတွေနဲ့သပ်သပ်ရပ်ရပ်မို့ ဘာမှပူစရာမလို....

"သစ်သစ် ဒီအိမ်မှာ တစ်ယောက်တည်းနေရဲတယ်မဟုတ်လား Hotelက စိတ်မချလို့ ဒီနေရာက လုံခြုံတယ်"

"သစ်သစ်နေရဲပါတယ် ယောက်ဖ "

"အေး ရော့ ဒီညတော့ ဒီခေါက်ဆွဲကြော်ဘဲစားနှင့်ထား နောက်နေ့မှ ကိုကြီးစီစဥ်ပေးမယ် ဟိုကောင်ဖုန်းခေါ်လည်းမကိုင်နဲ့ အိမ်အပြင်မထွက်နဲ့ ဒီညတော့အိပ်ပျော်အောင်အိပ်လိုက် ကိုကြီးလည်းအိမ်ပြန်တော့မယ်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်ရင် ကိုကြီးပြောစကားနားထောင် ကြားလား"

"ဟုတ်"
~~~~~~~~~~~~~~~~~~
ညီရှင်းထွယ်အိမ်ကိုပြန်လာတဲ့အချိန်က ဆယ်နာရီတောင်ထိုးနေပီမို့ အိမ်မှာတိတ်ဆိတ်နေသည်....

🍀အနှိုင်းမဲ့ချစ်ခြင်း🍀Where stories live. Discover now