part 17 (uni/zawgyi)

17.2K 476 2
                                    

🍀အနှိုင်းမဲ့ချစ်ခြင်း🍀
~~~~~~~~~~~~~~~~~~
အပိုင်း (17)

ဆယ်နှစ်နာရီအတိထိုးတာနဲ့သူထိုင်ခုံကထကာ ထမင်းစားဖို့လုပ်နေတုန်း သူ့အခန်းတံခါးပွင့်လာကာ၀င်လာတဲ့ပန်းရောင်လေး....

ပန်းရောင်ဇာအကျင်္ီလက်ပြတ်လေးကို ပန်းရောင်စကတ်ကားကားလေး၀တ်ထားတဲ့ သူရဲ့အိမ်သူသက်ထားဇနီးမယားယာ ထမင်းချိုင့်လေးထောင်ပြနေလေရဲ့.....

"ဘာလာလုပ်တာလဲ "

"အော် ထမင်းချိုင့်ပြနေတယ်လေ ထမင်းချိုင့်လာပို့တာပေါ့"

"ဘယ်သူကလာပို့ခိုင်းလို့လဲ အလကားသပ်သပ်အလုပ်ရှုပ်တယ် အပြင်၀ယ်စားလည်းရနေတဲ့ဟာကို"

"ရှင်ပြောမှလား ၀ယ်စားလည်းရတယ်ဆိုတာသိတာပေါ့ အိမ်ထမင်းအိမ်ဟင်းစားစေချင်လို့လာပို့တာလေ"

သူ့ကိုမကြည့်ဘဲ ပါးစပ်က ကရားရေလွှတ်သလိုပြောကာ လက်က ထမင်းချိုင့်ကိုဖွင့်ကာ သူ့အရှေ့မှာပြင်ပေးနေတဲ့ Bunnyဟာ ဒီနေ့တော်တော်ကိုချစ်စရာကောင်းနေတဲ့ ပန်းရောင်bunnyလေးသဖွယ်.....

"စားစေချင်လို့ ဟုတ်လား"

"အွန်းပေါ့"

ဇွန်းနဲ့ခရင်းကိုတစ်သျူးလေးနဲ့သေချာသုတ်နေကာ အွန်းပေါ့ လိုပြောနေတဲ့သူမရဲ့ပုံစံလေးဟာ ချစ်စဖွယ်အတိ....

"မင်းကိုယ့်ကို ကြိုက်နေတာလား Bunny"

"ဟင်"

အဲ့တော့မှ သူ့ကိုမော့ကြည့်တဲ့ bunnyဟာ သူပြောလိုက်တဲ့စကားကြောင့် အလွန်ရှက်သွားတဲ့ပုံပါ....

"ရှင်နော် စေတနာနဲ့ထမင်းလာပို့ပေးတာ ဘာတွေ လာပြောနေတာလဲ "

"မသိဘူးလေ ငါလည်းမခိုင်းဘဲ ထမင်းချိုင့်တွေလာပို့ စားစေချင်လို့ဆိုတော့ မင်းငါ့ကိုကြိုက်နေတာလားပေါ့"

"ပြောပြန်ပြီလား တော်ပြီ ယူလာတဲ့ထမင်းချိုင့်ပြန်သိမ်းပြီးပြန်တော့မယ် "

"ဟာ ဟိတ် ထမင်းချိုင့်ထားခဲ့လေ ဗိုက်ဆာနေတာ မင်းပြောလို့ ၁၂နာရီထိစောင့်နေတာ အခု တော်တော်ဗိုက်ဆာနေတာ စားတော့မယ် ပြင်ပေး ထမင်း"

🍀အနှိုင်းမဲ့ချစ်ခြင်း🍀Where stories live. Discover now