part 34 (uni/zawgyi)

16.7K 508 31
                                    

🍀အနှိုင်းမဲ့ချစ်ခြင်း🍀
~~~~~~~~~~~~~~~~~~
အပိုင်း (34)

Ambulanceနားတိုးလာလေလေ သူခြေထောက်တွေယိုင်နဲ့လာလေလေဖြစ်ကာ ထိုကားပေါ်က အနောက်ဖုံးဖွင့်ထားတဲ့ ပိတ်စအုပ်ထားတဲ့အလာင်းနှစ်ခုကိုသူလှမ်းမြင်နေရသည်......

"ခင်ဗျားအမျိုးသမီးလားဆိုတာအတည်ပြုလိုက်ပါ"

သူအတည်မပြုနိုင်ဘူးဒီကားထဲမှာရှိနေတဲ့Bodyတွေဟာ သူ့ရဲ့bunnyမဟုတ်ဘူး ဟုတ်လည်းမဟုတ်စေရဘူး.......
Bunnyကသူ့ကိုအလွယ်တကူထားသွားမှာမဟုတ်ဘူး.......
"မဟုတ်ဘူး မရှိဘူး "

"မဟုတ်ဘူး မရှိစေရဘူး'"

အရူးတစ်ယောက်လို ဒီစကားတွေသာထပ်ခါတလဲလဲပြောကာသူဟာထိုbodyတွေနဲ့ဝေးရာကိုပြေးထွက်သွားလေသည်......

တစ်လမ်း၀င်တစ်လမ်းထွက် အာခေါင်ကွဲမတတ်Bunnyနာမည်ကိုတ​ကျော်ကျော်အော်ကာခေါ်နေမိတော့သည်........

"Bunny"

"bunnyရေ"

လူကမောဟိုက်လာကာသစ်ပင်တစ်ပင်ရဲ့ခြေရင်းမှာခြေစုံလက်ပစ်ထိုင်ကာ ငိုကြွေးနေမိတော့သည်......
သူဒီလိုငိုနေလို့လည်းဘာမှမထူးအချိန်ရှိတုန်းBunnyကိုသူရှာရမည်ဖြစ်သည် သူယုံကြည်သည်bunnyဟာအန္တာရယ်ကင်းကင်းရှိကိုရှိနေမယ်ဆိုတာ........

"Bunny bunny"

"bunny"

bunnyရေကိုယ်ယုံကြည်နေသလိုမျိုး ဘေးကင်းနေပါစေ ချစ်ရသူရေ......

"Bunny"

"ဂျိမ်း ဂျလိန်း"

အသံလာရာအနောက်ကိုလှည့်ကြည့်လိုက်တော့အလုံပိတ်ကားတံခါးကိုမကာထွက်လာတဲ့ကျွန်တော်ရဲ့ bunnyလေး......

"ညီရှင်း"

"Bunny"

ကျွန်တော်ဆီကိုပြေးလာတဲ့ပုံရိပ်လေးကိုသူဟန့်တားလိုက်မိသည်......

"ရပ် အဲ့နေရာမှာရပ်နေ"

ရာရာပြေးလာနေတဲ့ဟာကိုသူကဟန့်တားလိုက်တာမို့ ရာရာခြေအစုံဟာဘရိတ်အုပ်သလိုရပ်မိသွားတော့သည်.....

ရာရာရှိရာကိုသူကပြေးလာကာရာရာကိုယ်လေးကိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်.....

🍀အနှိုင်းမဲ့ချစ်ခြင်း🍀Where stories live. Discover now