Chapter 1

714 45 0
                                    

Chapter 1

ယမ်းငွေ့တွေဟာ တငွေ့ငွေ့၊တလွင်လွင်နဲ့ မြေပြင်ကနေ ကောင်းကင်ယံထိတိုင် ခုန်ပေါက်နေကြတယ်...။ ဆူညံ့နေတဲ့အသံပေါင်းများစွာဟာ ကြောက်ရွံထိတ်လန့်မှုတွေစွန်းထေးနေတဲ့ ပျိုပျက်ဆဲ ပန်းဝတ်ဆံတွေလို...လေထဲ ရောထွေးသွယ်ယှက်နေခဲ့တယ်...။

ဒါဟာ ကမ္ဘာစစ်ဖြစ်တယ်။
ဒီကာလဟာ လူ့လောကသားရဲတို့ရဲ့ စစ်သွေးကြွရာ၊အရပ်ဖြစ်တယ်။ ငိုကြွေးသံတွေနဲ့သွေးစက်တွေဟာ သူတို့ရဲ့အဆာပြေနေ့လည်စာတစ်ခွက်လိုပင်ဖြစ်ခဲ့လေတယ်။

Autumn's Breeze ( осень ветер )

•1941 ခုနှစ်၊ June လ [ Leningrad city in Russia]

" Osen...Osen ထပါဦး... "

မိခင်ဖြစ်သူရဲ့ ခပ်ဖွဖွ တိုးညှင်းညှင်း နှိုးနေသံဟာ Osen ဆိုတဲ့ ၁၅နှစ်အရွယ် ကောင်ငယ်လေးကို မျက်မှောင်တွန့်ရှုံ့သွားစေလေတယ်...။ ဒီလို အစောပိုင်း နံနက်ခင်း အချိန်ဟာ အိပ်မောကျနေရမဲ့ အချိန် မဟုတ်ပါလား...။

" ငါ အိပ်မက် မကောင်းဘူး Osen...အိပ်မက်ထဲမှာ မင်းက သွေးတွေ ရွဲနေတာပဲ..."

"ဒါ အိပ်မက်ပါပဲ အမေရာ...."

အိပ်ချင်မူးတူးဖြစ်နေတဲ့Osenဟာ မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း...၊ မိခင်ဖြစ်သူကို ငြူစူစွာ ကြည့်နေဆဲ...။ Osen ရဲ့ လက်တွေကို ခပ်ဖွဖွ ဆုပ်ကိုင်ခံလိုက်ရပြီးနောက်...၊ osen အမေဟာ Osenရဲ့ ဂျုံခြောက်ညိုရောင် ဆံပင်ပွပွကို ငုံ့နမ်းလာလေတယ်...။ သူမရဲ့ မျက်ဝန်းတွေထဲ စိုးရိမ်ထိတ်လန့်ခြင်းတွေဟာ ခပ်နွေးနွေးအခန်းလေးထဲမှာ လူးလူးလွင့်လွင့် တောက်ပနေတဲ့ ဖယောင်းတိုင်မီးလိုမျိုး...။

ထိုအချိန်က မိခင်ရဲ့ ခပ်ဖွဖွ အနမ်းတစ်ပွင့်က လူ့လောကရဲ့သားရဲတွေကြောင့် နောက်ဆုံးသော အနမ်းတစ်ပွင့် ဖြစ်လာခဲ့မယ်မှန်း Osen မထင်ထားခဲ့ပါပေ...။

" အဖ ဘုရားသခင်... ကျေးဇူးပြုပြီး Osenကို စောင့်ရှောက်ပေးပါ..."

Autumn's Breeze ( осень ветер ) CompleteWhere stories live. Discover now