Chapter 4

78 21 0
                                    

Chapter 4

ဒါဟာ ကမ္ဘာစစ်ဖြစ်တယ်။ မလွဲသာလို့ပါဆိုတဲ့ ခေါင်းစဥ်လှလှကြောင့် စတေးခံအသက်သွေးတွေဟာ မိစ္ဆာတွေ​ရဲ့ခြေဖျားအောက် ညှီညှီလှိုင်နေခဲ့ရ...။


Autumn's Breeze ( осень ветер )

ကျည်ဆန်ဟာ နှလုံးသားထဲက တရားမျှတမှုနဲ့ မာကြောမှုတို့ရဲ့ နူးညံ့ခြင်းအထိမ်းအမှတ် သက်သေတစ်ခုသာ ဖြစ်သင့်တယ်။ သူရဲကောင်းတစ်ဦးကသာ ဆုပ်ကိုင်ထားသင့်တဲ့ လက်နက်...။ လူတွေရဲ့အသက်တွေကို ဖဲ့ခြွေဝါးမြိုသွားမဲ့ မိစ္ဆာကောင်တွေထဲသာ ရောက်သွားခဲ့မယ်ဆိုရင်... ကျည်ဆန်တစ်တောင့်ကလည်း လောကငရဲရဲ့ သော့ချက်တစ်ခု ဖြစ်နိုင်တယ်ဆိုတာ Osen သိမြင်ခဲ့ရလေတယ်...။

မြို့တော်ရဲ့ ရာသီဥတုက တဖြေးဖြေး ကူး​ပြောင်းစ ပြုလာခဲ့ပြီ...။ အေးခဲစပြုလာပြီဖြစ်တဲ့ လီနင်ဂရက်ရဲ့ ဆောင်းဦးအစဟာ ပြည်သူတွေရဲ့အသက်တွေကို ဝါးမြိုနိုင်တဲ့ ကပ်ဘေးတစ်ခုဆောင်ကျဥ်းလာတယ်။

နိုဝင်ဘာရဲ့ အစောပိုင်းကာလကို ချဥ်းကပ်လာတာနဲ့အမျှ၊ အေးခဲလာတဲ့ မြူနှင်းတွေနဲ့အတူ၊ လီနင်ဂရက်မှာ လူပေါင်း ၁၁၀၀၀လောက်ဟာ သေဆုံးခဲ့ကြလေတယ်။

သတင်းတွေထဲမှာ ရုရှားအစိုးရက တခြားပြည်သူလူထုတွေ မပူပန်ရစေဖို့အလို့ငှာ ဖိဖော့ကာ တင်ပြနေလျက်ပင်...။

ဒီဇင်ဘာလအရောက်မှာ မြို့တော်ရဲ့ အအေးချိန်က 23°F လောက်အထိ ဖြစ်လာတဲ့အတွက် အေးခဲမှုဒဏ်၊ စစ်ဘေးဒဏ်နဲ့ အငတ်ဘေးဒဏ်တွေကြောင့် လူပေါင်း ၅၂၀၀၀ လောက်ဟာ သေဆုံးခဲ့ကြတယ်။

အလှတရားတွေ ပြည့်နှက်နေလေ့ရှိတဲ့ မြို့တော်ဟာ ယခုအချိန်မှာတော့ အလောင်းတွေ တောင်လိုပုံကာ၊ ထပ်နေလေပြီ။ သေသွားသူတွေအတွက် သင်္ဂြိုလ်ခွင့်မရှိတော့သလို... နောက်ဆုံးသော ဇာပနကို လိုက်လံပို့ဆောင်ဖို့ရာတောင် အခွင့်မရရှိခဲ့ကြတော့...။

ရုရှားစစ်တပ်မဟာကလည်း မိမိတို့အမိမြေရဲ့ အစိတ်အပိုင်းကို ခေါင်းမာမာကာကွယ်ပေးနေခဲ့သလို၊ ပြည်သူတွေအတွက် အသက်ပေးဆပ်သွားခဲ့ကြတဲ့ စစ်သားတွေလည်း ရာထောင်ချီ...။

Autumn's Breeze ( осень ветер ) CompleteWhere stories live. Discover now