Chapter 3

93 21 0
                                    

Chapter 3

ဒါဟာ ကမ္ဘာစစ်ဖြစ်တယ်။ လူတွေရဲ့ ဟိုးအတွင်းပိုင်းထဲက သားရဲကောင်တွေ ခွာချလာကြတဲ့ ညသန်းခေါင်ယံအချိန်ဖြစ်တယ်...။ လူ့မိစ္ဆာသားရဲကောင်တွေက အစွယ်တပြပြနဲ့ အစစ်အမှန် သွေးဆာခြင်းကို ဖော်ထုတ်ခဲ့ကြတဲ့ အချိန်ကာလ တစ်ခု ဖြစ်တယ်...။


Autumn's Breeze ( осень ветер )

Baltic ပင်လယ်ဟာ တဝေါဝေါမြည်သံတွေနဲ့ နေ့စဥ်နေ့တိုင်း လီနင်ဂရက်မြို့လေးရှိရာဆီ လေညှင်းအဖြစ် ရောက်ရှိလာလေ့ရှိတယ်...။

လှပသာယာတဲ့ ဆိပ်ကမ်းမြို့လေးဟာ တစ်နေ့ထဲမှာပဲ လျပ်တပြက်နဲ့ အပျက်အစီးပုံတွေ ဖြစ်သွားတာက ထိတ်လန့်ဖွယ်...။

ဆိုးဆိုးဝါးဝါးအပျက်အစီး မဟုတ်ပေမဲ့၊ ပျက်စီးခြင်းအစဟာ ဆိုက်ရောက်လာတော့၊ အေးချမ်းတဲ့မြို့လေးဟာ လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့တယ်...။

Chamomile ပန်းပွင့်ဖက်သေးသေးတွေဟာ ရုရှားရဲ့ လီနင်ဂရက်မြို့လေးမှာ လွင့်မြူးနေကြပေမဲ့... ထိုအလှတရားဟာ ကနဦးအစ ဗုံးဒဏ်ကြောင့် မှေးမှိန်သွားလျက်...။

ရေဒီယိုက သတင်းသံတွေက နေရာအနှံ့...။ ရုရှားအစိုးရက ပြည်သူတွေကို စိတ်မပူစေဖို့ရာ သတင်းတွေ ဖြန့်ပေးဆဲ...။ ဒါဟာ ဒုတိယကမ္ဘာစစ်ရဲ့ အရိပ်အမြွတ်ဆိုတာကို တစ်ချို့သော ပြည်သူတွေက သဘောပေါက်ကြလေတယ်...။

" Osen!!! ငါတို့ မင်းအမေကို မြုပ်နှံ့ပေးဖို့ အချိန်ကြပြီ..."

သင်းအုပ်ခရစ်ယန်ဘုန်းတော်ကြီးရဲ့ ဆုတောင်းပေးသံတွေ...၊ ဝတ်ရုံအမည်းတွေနဲ့ လူတွေဟာ Osen ရဲ့ စိတ်အလျဥ်ကို မလွှမ်းမိုးနိုင်လေဘူး...။ သူ့သေးငယ်တဲ ပုခုံးပေါ်မှာတော့၊ ခပ်ကြီးကြီး လက်ဖဝါးတစ်ဖက်ရဲ့ နွေးထွေးမှုဟာ တည်ရှိနေလေတယ်...။

မိခင်ဖြစ်သူရဲ့ အရိုးပြာဟာ ထိုအချိန်မှာတော့ ကမ္ဘာတစ်ခုကို သယ်ဆောင်ထားရတဲ့ အလေးချိန်အလား... သူ့ခြေလှမ်းတွေကို လေးလံနေစေခဲ့ပါတယ်။

Osenရဲ့ ရေခဲပြာရောင်မျက်ဝန်းတွေဟာ စွတ်စိုနေသော်လည်း...ဆုံးရှုံးခဲ့ရမှုကြောင့် ထုံအ'ရီဝေနေလျက်။

Autumn's Breeze ( осень ветер ) CompleteWhere stories live. Discover now