Side story of veter

41 3 0
                                    

ဆုံခဲ့တဲ့ နွေဉီးရာသီကနေ စလို့... ကျွန်တော်ဟာ သူနဲ့အတူ ဆုံစည်းခဲ့ကြပြီး အတူရှိခဲ့ပါတယ်။ သူကတော့ ကျွန်တော့်ရဲ့ နွေဉီးတစ်ခုလို့ ခေါ်ရမဲ့... တစ်ဘဝစာ နှစ်မြုပ်ရမဲ့ ရာသီဥတု တစ်ခုရယ်လို့ ဖြစ်တည်လာခဲ့ပါတယ်။

Side story of Veter

1939ခုနှစ်ရဲ့ တစ်ခုသော နွေဉီးရာသီအစ...။

" ဟေ့ မင်း အဆင်ပြေရဲ့လား ငချွတ်လေး"

စိမ်းသက်နေတဲ့ ဘာသာစကားတစ်ခုရဲ့ ခပ်စွာစွာ အသံကြောင့် Veterရဲ့ မင်နက်ရောင်မျက်ဝန်းတွေဟာ အသံလာရာဆီကို ငုံ့ကိုင်းကြည့်လိုက်မိတယ်။ ထိုအချိန်မှာ ဆုံစည်းသွားကြတဲ့ ရေခဲပြာရောင်မျက်ဝန်းတစ်စုံဟာ နောင်တစ်ချိန်မှာတော့ အမှတ်တရတစ်ခု ဖြစ်လာမယ်လို့ Veter မထင်မိခဲ့လေဘူး။

Veter ခပ်တည်တည်ပဲ ရှရှားကောင်ငယ်လေးကို ထပ်မကြည့်တော့ဘဲ၊ မိမိ သွားလိုရာ လီနင်ဂရက်မြို့ရဲ့တစ်နေရာကို ဉီးတည်လိုက်လေတယ်။ သူဟာ တစ်စိမ်းတစ်ရံကို စကားသိပ်မပြောတတ်သူမို့၊ ရှရှားကောင်ငယ်လေးကို ဘယ်လိုမျိုး ပြန်ဖြေရမလဲ မသိခဲ့တာမို့ လျစ်လျူရှုဖို့သာ ဆုံးဖြတ်လိုက်လေတယ်။

ကောင်ငယ်လေးက ဂျစ်ကန်ကန် ပေစောင်းစောင်းနဲ့ Veterကို စိုက်ကြည့်ပြီး၊ သူ့ရဲ့ဂျုံခြောက်ညိုရောင်ဆံပင်ကောက်ကောက်လေးတွေကို လက်တွေနဲ့ သူ့ဘာသာသူ ဆွဲဖွရင်း ကျစ်စုတ်သတ်လိုက်တာကိုလည်း Veter ကြားမိလိုက်တယ်။

" ဘယ်လို တိုင်းတစ်ပါးသားလဲ? လူမှုရေး မသိတတ်လိုက်တာ! ဘုရားသခင် အလိုကျ ငါ သူ့ကို ဆုံးမတော့မှ ငိုပြေးနေရမယ်"

Veterရဲ့ ပါးလှပ်လှသော နားစည်ထဲ ခပ်တိုးတိုး ရေရွတ်သံက တိုးဝင်ပြေးဝှေ့လာလေပြီး၊ ထိုခပ်ရှရှ ရှရှားလေသံနဲ့အတူ၊ ရှရှားပြည်ရဲ့ နွေဉီးလေ​ပြည်ဟာ သူတို့နှစ်ဉီးကြား ခပ်ဖွဖွ ကျီစယ်သွားလေတယ်။ လမ်းဘေးတစ်လျှောက်က ရှရှားရဲ့အမှတ်အသား Chamomileပန်းတွေဟာ ပြည့်နှက်နေဆဲ...။

လမ်းလေးရဲ့ လျှောက်လမ်းတစ်လျှောက်၊ Veter အနောက်မှာ ကပ်ပါလာတဲ့ ကောင်ငယ်လေးဟာ Veter သွားတဲ့ အနောက်ကိုသာ တစ်စိုက်မက်မက် လိုက်နေတာမို့ Veter မျက်ခုံးတွေ တွန့်ကွေးသွားတယ်။

Autumn's Breeze ( осень ветер ) CompleteWhere stories live. Discover now