Chapter 5

75 21 0
                                    

Chapter 5

ဒါဟာ ကမ္ဘာစစ်ဖြစ်တယ်...။ အမှောင်တကာ့ အမှောင်ထုတွေက အသီးသီး နေရောင်အောက်မှာ ပေါ်ထွက်လာကြတဲ့ အခိုက်...။ ကိုယ်ချင်းစာတရားဆိုတာက ဖုန်မှုန့်ငယ်အလား လွင့်လွင့်လူးလူးနဲ့ ... အတ္တတွေဟာ ကခုန်မြူးထူးခဲ့ကြတဲ့ ခေတ်အခါသမယ...။

Autumn's Breeze ( осень ветер )

1941 ခုနှစ်ဟာ ကြမ်းတမ်းလှခြင်းအပြည့်နဲ့ လူသားတွေကို ကြိုဆိုနေခဲ့တယ်။ လီနင်ဂရက်ရဲ့ 1941ခုနှစ် ဒီဇင်ဘာလဟာ စစ်ဘေးထဲက အပြစ်မဲ့ပြည်သူတွေကို ​အညှာတာကင်းမဲ့သည့်အလား... ပို၍ အေးစက်နေလျက်ရှိဆဲ...။ ဒီနှစ်ရဲ့ ဒီဇင်ဘာဟာ ကြုံတွေ့ရခဲ့သမျှ ဒီဇင်ဘာထဲ အအေးစက်ဆုံးဟု ထင်ရစေတယ်...။ ရက်စက်လွန်းလှတဲ့ ဒီဇင်ဘာက အစွမ်းကုန် အအေးဓာတ်တို့ကို ထုတ်ပြလျက်...။

အခုက Osenတို့ အိမ်ကို စွန့်ခွာလာတာ သုံးရက်မြောက်နေ့ပင်...။ Osen နဲ့ Veterက အရမ်းသန်မာလွန်းတဲ့ လူသားတွေ မဟုတ်တာမို့ ဖြေးဖြေးချင်း လမ်းမတွေထက် ရွေ့လျားခဲ့ကြတာပင်။

Osen ခြေထောက်တွေက ပေါက်ပြဲပြီး မရွေ့လျားနိုင်လောက်အောင် ပင်ပန်းနေပေမဲ့... Osenက အံတင်းတင်းကြိတ်ကာ Veterနဲ့အတူ တရွေ့ရွေ့ ရွေ့လျားဦးတည်နေခဲ့တယ်။ သူ့အကြည့်က Veterရဲ့ ကျောပြင်ရှိရာကိုသာ စွဲစွဲမြဲမြဲ ကြည့်နေခဲ့တယ်။ သူဟာ Veter ဦးဆောင်ရာဆီကိုပဲ အစဥ်အမြဲ ဦးတည်ရွေ့လျားခဲ့လေတယ်....။

သူ့ အစဥ်အမြဲငေးကြည့်ရာ ကျောပြင်ငယ်ဟာ သန်မာနေလွန်းခဲ့ပါတယ်...။

" Veter... မင်းမှာ အိပ်မက်တွေ ရှိလား?"

" အင်း ရှိတာပေါ့..."

" မင်းက ဘာဖြစ်ချင်တာလဲ Veter..."

" ငါကလား...ငါ စာရေးဆရာတစ်ယောက် ဖြစ်ချင်တာ"

Osen Veterရဲ့ မထင်မှတ်ထားတဲ့အဖြေကြောင့် ရယ်မောမိလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။

" မင်းကရော Osen..."

" ငါက နေ့တိုင်း သာမာန်ဘဝနဲ့ အေးအေးချမ်းချမ်း ဖြတ်သန်းချင်တယ်"

" ဒီစစ်ပွဲကြီးပြီးရင် ငါတို့အိမ်မက်တွေကို အကောင်အထည် ဖော်ကြမယ်..."

Autumn's Breeze ( осень ветер ) CompleteWhere stories live. Discover now