Chapter 6

64 19 1
                                    

Chapter 6

ဒါဟာ ကမ္ဘာစစ်ဖြစ်တယ်။ အမဲလိုက်သူတွေရဲ့ သားရဲကွင်း...။ ပစ်မှတ်ခံရတဲ့ သားကောင်တွေကလည်း မုဆိုးပြန်ဖြစ်လာကြတဲ့ ခေတ်ဆိုးခေတ်ပျက်...။ လူကောင်းတွေကို ဆိုးဝါးစေအောင် ဖိအားပေးကြတဲ့ အချိန်ကာလ တစ်ခု ဖြစ်တယ်။ ဒါဟာ လူသားမျိုးနွယ်ရဲ့ ကမ္ဘာ့အလှတရားကို စစ်ပွဲဆိုတဲ့အမှောင်ထုက ကြီးစိုးတဲ့ကာလ ဖြစ်နေပြန်သေးတယ်။

Autumn's Breeze ( осень ветер )

နေအိမ်က ထွက်လာပြီးနောက်၊ လေးရက်မြောက်နေ့ မနက်ခင်း အစောပိုင်းကာလ...။

ကမ္ဘာစစ်က ခေတ်ဆိုးတစ်ခုကို ဖိတ်ခေါ်နိုင်လေတယ်။ တရားမျှတမှုနဲ့ စည်းဘောင်းတွေက ကျိုးပျက်နေတဲ့ နံရံဘောင်တွေလိုပဲ...လူတွေက တဖြေးဖြေး မိစ္ဆာဆန်လာကြတယ်။

Osen လက်ထဲ ဓားရှည်ရှည်သေးသေးက လူတစ်ယောက်ရဲ့ အသက်တစ်ခုကို ဝါးမြိုစားသောက်ပစ်လိုက်မိတာကို Osen မျက်တောင်တွေ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း... ​ကြောင်အ'နေမိတယ်။

သူ့လက်ထဲက ဓား​က လူတစ်ယောက်ရဲ့ လည်မြိုထဲ တိတိပပ စိုက်ဝင်သွားခဲ့တယ်...။ သူ တကယ် လူသတ်မိတာပဲ။ သူ့လက်တွေနဲ့ ကိုယ်တိုင် လူသတ်မိလိုက်ပြီပင်...။ သေသွားတဲ့ လူရဲ့ သွေးတွေက သူ့လက်တွေကို မီးတမျှ ပူလောင်သွားစေခဲ့တယ်။

ခပ်နွေးနွေး အသက်သွေးဟာ အလျံတညီးညီးမီးတောက်အလား မြေပေါ်မှာ အိုင်ထွန်းနေခဲ့ပြီ...။

Osen တကယ်တမ်း လူသတ်လိုက်ရတာက သိပ်မခက်ခဲတော့မှန်း သတိထားမိလိုက်လေတယ်။ ပထမတစ်ခေါက်ပဲ...တုံ့ဆိုင်းနေခဲ့တာလောက်ပါပဲ။

သူ့စိတ်ထဲကနဲ့ ခြားနားစွာပဲ တုန်ရီနေတဲ့ Osen လက်တွေက ​ထိတ်လန့်နေကြောင်း သက်သေပြနေခဲ့တယ်။

သေဆုံးသွားပြီဖြစ်တဲ့ အလောင်းကို လုံးဝ လှည့်မကြည့်ဘဲ Osen ကျော်ခွကာ၊ Veter ရှိရာ လှမ်းသွားတယ်။ Veterက သူ့ကို ခပ်ထွေထွေ ငေးရင်း...ပြုံးပြဖို့ အားတင်းနေခဲ့တဲ့ပုံပါပဲ...။

Autumn's Breeze ( осень ветер ) CompleteWhere stories live. Discover now