Chapter 8 ( Ending )

159 26 7
                                    

Chapter 8

Autumn's Breeze ( осень ветер )

လေပြည်က နွေဦးကို ဒီစစ်ပွဲကြီး ပြီးဆုံးသွားပြီးရင်... အမှတ်တရတွေကို ပြန်ပြောကြဖို့ တိုးတိုးတိတ်တိတ်တိုက်ခတ် ပြောပြခဲ့တာမို့...

Osen ဆိုတဲ့ နွေဦးဟာ စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့တယ်။ Osen ရဲ့ ကဗျာတွေရယ်၊ စစ်ပွဲအတွင်းကအကြောင်းအရာတွေကို ကျစ်ကျစ်လစ်လစ် ရေးသားခဲ့တဲ့ လက်ရာတွေနဲ့အတူ၊ ချစ်ခြင်းတွေကို နူးညံ့ လှပစွာ ရေးဖွဲ့တတ်တဲ့ ကလောင် အစွမ်းကြောင့် Osenက နာမည် ကျော်လာခဲ့တယ်။

Osen လက်နဲ့ ဖန်တီး မွေးဖွားပေးခဲ့တဲ့ ဇာတ်ကောင်တွေဟာ လူတွေရဲ့ နှလုံးသားထဲအထိ သိမ်းပိုက်နိုင်ခဲ့ကြတာမို့ Osenဟာ စာပေမြတ်နိုးသူတိုင်းရဲ့ တသသ ချစ်ခြင်းကို ရရှိခဲ့တဲ့ အမျိုးသား စာရေးသူတစ်ယောက် ဖြစ်လာခဲ့တယ်။

သို့ပေမဲ့ Osen ဘယ်တော့မှ စာဖတ်သူတွေဆီ အရောက်မပို့ပေးခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ကတော့... 'Autumn's Breeze ( осень ветер )' ဆိုတဲ့ ဝတ္ထုတစ်ပုဒ်ပဲ ဖြစ်တယ်။

Osenဟာ တစ်ဘဝလုံးမှာ သူ့အတွက်သူ ကိုယ်တိုင် ရေးသားဖြစ်ခဲ့တာကတော့ နွေဦးလေပြည်ဆိုတဲ့ ဝတ္ထုပဲ ဖြစ်တယ်။ ဒီစာအုပ်က ကမ္ဘာမကျော်ခဲ့သလို...၊ စာအုပ်အနေနဲ့ လူတွေဆီ အရောက်မပို့ပေးခဲ့တဲ့ တစ်ခုထဲသော စာအုပ်ဖြစ်တယ်။

အဝါနုရောင် ဒိုင်ယာရီထဲမှာ ရေးသားခဲ့တဲ့ တစ်ခုထဲသော လက်ရေးမူ ဝတ္ထုတစ်ပုဒ်...။ အဲ့ဒီဝတ္ထုထဲမှာ ဇာတ်ကောင်နှစ်ဦးပဲ ပါရှိတယ်။

Osenက အဲ့ဒီဝတ္ထုကို နေ့တိုင်း စာဖတ်ပရိတ်သတ်တစ်ယောက်အနေနဲ့ ပြန်ဖတ်လေ့ရှိတယ်။ ထိုသူ့အကြောင်း ရေးဖွဲ့ထားပါတဲ့ ကမ္ဘာငယ်လေးကို သူ နေ့တိုင်း ကြည့်နေလေ့ရှိတယ်။ ထိုသူဟာ... Veterဟာ သူ့ရဲ့ ဖန်တီးမှုထဲမှာသာ ပြန်လည် မြင်နိုင်တော့တဲ့ လူသားတစ်ယောက်ပေမို့၊ Osenက အသက်ကြီးလာလို့ သိပ်မမှတ်မိတောတဲ့အခါမျိုးမှာ တဖွဖွ ပြန်ဖတ်နေလေ့ရှိတယ်။ Veterရဲ့ ဝေ့ဝေ့ဝါးဝါး အပြုံးတစ်ခုနဲ့အတူ အနက်ရောင်မျက်ဝန်းတွေကသာ သူ့နှလုံးသားထဲ ကျန်ရှိခဲ့ပါတော့တယ်။

Autumn's Breeze ( осень ветер ) CompleteWhere stories live. Discover now