မင်္ဂလာပွဲစီစဉ်ဖို့

3K 157 12
                                    

Z&U

"မောင့်ကိုချစ်ဖို့မွေးဖွားလာပါတယ်
အော် ငါကဦးမော်ကောင်ကလေးဆိုတော့ ပြောင်းဆိုရမယ် ဟိဟိ
ဦးမော်ကိုချစ်ဖို့ မွေးဖွားလာပါတယ်
ဦးမော်ကိုချစ်ဖို့တေးသွားစာကဗျာခြယ်"

တိမ်ထိပ်တစ်ယောက် အိမ်ဦးခန်းတွင်အားယားမှောက်ကာ ခြေထောက်နှစ်ချောင်းကို လေထဲဝေ့ယမ်းပြီး သီချင်းတွေအော်ဆိုနေလေသည်။ ဒါကိုကြည့်မရသူကမော်ဦး။ ယောက်ျားလေးပဲ ဒင်ပြည့်ကျပ်ပြည့် ဝိုင်းကူလုပ်ပေါ့ အခုတော့မဟုတ် ဖုန်းလေးပွတ်လိုက် သီချင်းလေးညီးလိုက်နဲ့ သူတစ်ယောက်တည်း အလုပ်မရှိအကိုင်မရှိ ၁၀၉ ၊ ၁၁၀။

"တိမ်ထိပ် ထင်းဝိုင်းခွဲစမ်း မနက်ဖြန် မင်္ဂလာဆွမ်းကြွေးရှိတယ်ဆိုတာ မင်းမေ့နေသလား ဟမ်"

"ဟာ ဦးမော်ကလည်း လုပ်မှာပေါ့ ဒီမှာ သားမင်္ဂလာဆောင် ဖိတ်စာရွေးနေတာ ဘာအရောင်လေး လုပ်ရင်ကောင်းမလဲလို့ ဦးမော်ဘာအရောင်ကြိုက်လဲ ဟင်"

"ပန်းစီရောင်ကြိုက်တယ်"

မော်ဦးထင်းခွဲရင်း မျက်လုံးထဲတွေတဲ့ အရောင်ကောက်ပြောလိုက်လေသည်။ မင်္ဂလာဆောင်ဖိတ်စာကဖြင့် ၄ဆောင်လောက်လုပ်မှာကို ကြီးကြီးကျယ်ကျယ် ရွေးနေသေးတယ်။ ထင်းဝိုင်းခွဲဆိုရင် အကြောင်းပြတာက ထိပ်ဆုံးက။

"ဦးမော်က မိန်းမလား ပန်းစီရောင်ကြီးကြိုက်ရအောင်"

"မင်းအသိပဲ ငါမိန်းမလားယောက်ျားလားဆိုတာ ဘာဖြစ်လဲ ပန်းစီရောင်ကြိုက်တာ ဘာဖြစ်လဲ ပြောစမ်းပါဦး"

တိမ်ထိပ်က အိမ်ပေါ်ကနေ တစ်ဒုန်းဒုန်းဆင်းခြလာသည်။ မော်ဦးကတော့ တစ်တောက်တောက် ကျနေတဲ့ချွေးတွေကို ခြေသလုံးပေါ်အောင် ခပ်တိုတိုစီးထားတဲ့ ပုစိုးနဲ့ကုန်းသုပ် နေလေရဲ့။

"ဟာ ပန်းစီရောင်လို နုနုရွရွအရောင်တွေက မိန်းကလေးတွေပဲကြိုက်ကြတာလေ ဦးမော်ကဘာလို့ ကြိုက်တုန်း အကောင်းဖြေပါဦးမော်ရာ ဘာအရောင်ကြိုက်လဲ"

"ဘာအရောင်မှမကြိုက်ဘူး ရပြီလား"

"မရပါဘူး လူဆိုတာမွေးဖွားလာမှတော့ ကြိုက်တဲ့ဟာ မုန်းတဲ့ဟာတော့ရှိမှာပေါ့ဗျ ဦးမော်ရာ ကလေးလိုလုပ်မနေစမ်းပါနဲ့ ဘာအရောင်ကြိုက်တုန်း သားကဦးမော်ကြိုက်တဲ့အရောင် ရွေးပေးမလို့"

ဦးမော်ကိုချစ်ဖို့မွေးဖွာလာပါတယ်.......။Where stories live. Discover now