ပါးတွေပုတ်တော့မှာပဲ

1.1K 75 3
                                    

Z&U

"ဦးမော်ပြန်မယ်ဆိုလည်း ပြန်လာမနေနဲ့တော့ သားနဲ့လည်းကွာလိုက်တော့"

အိင်္ကျီတွေကိုခေါက်ရိုးကျကျ ခေါက်နေတုန်း တိမ်ထိပ်အသံက စူးထွက်လာသည်။ မေလကုန်မှပြန်မည့်အကြောင်း ပြောမိကတည်းက စူလို့ကောက်လို့မပြီးတော့သော တိမ်ထိပ်ကို လေကြောင်း ဖြောင့်အောင်ပြောရတာ မော်ဦးလည်း မောလှပါပြီ။

"မင်းကိုအဲ့ဒါတွေမကြိုက်တာ လက်ထပ်ပြီးတာ လပိုင်းပဲရှိသေးတယ် ကွဲဖို့ကွာဖို့ပြောနေပြီ မင်းလိုစိတ်ရှိတိုင်းကွဲကြကွာကြကြေးသာဆို ကမ္ဘာမှာအိမ်ထောင်ကွဲ အိမ်ထောင်ပျက်တွေ ရေတွက်လို့ရမှာမဟုတ်ဘူး"

"မသိဘူး မသိဘူး ဦးမော်ရွာပြန်ရင်အပြီးပြန် နောက်လည်းလာမတွေ့နဲ့ အဲ့ဒီ့မှာဘာလွမ်းစရာရှိလို့လဲ ပြော ဦးမော်ရီးစားဟောင်းလား ဟမ်"

"ကျစ် ပြောရခက်လိုက်တာ တိမ်ထိပ်ရာ ငါ့အလုပ်တွေ ခြံတွေ မင်းလင်ငါမကြည့်လို့ မင်းလင်ငယ်ကကြည့်မှာလား ဟမ်"

"ဦးမော် သားကို မစော်ကားနဲ့ ဘယ်ကလင်ငယ်ကပါလာတာလဲ သားကိုမစော်ကားနဲ့နော်"

သူများပြောတော့အကောင်း သူ့ပြန်ပြောရင်တော့အစိုးမို့ မော်ဦးကာသာအလျော့ပေးလိုက်ရသည်။ ကြာလာရင် သတ်ပွဲတွေထဖြစ်တော့မည်။

"မင်းက သူများကိုပြောရင်တော့ အကောင်းနော့်"

"မဟုတ်လို့လား ဒီမှာအေးအေးလူလူနေနေရတာကို ဦးမော်က ပူပူလောင်လောင်တောထဲ ပြန်ချင်နေတာလေ သားပြောတာမှားလား"

"အေးအေးလူလူနေရတဲ့နေရာက ငါ့အိမ်ငါ့ယာလား ငါ့လုပ်စာတစ်ပြာပါသလား မင်းဟာမင်းကြိုက်သလိုထင် အလုပ်မရှိအကိုင်မရှိနဲ့ လင်းမော်ဦးက သူများအိမ်ထိပ်တော့ တတ်မနေနိုင်ဘူးကွာ"

အင်္ကျီခေါက်ကို ဖုတ်ခနဲပစ်ချသွားသည်မို့ တိမ်ထိပ်ဒေါသများစွာနှင့် စောင်ကိုလုံးခြေထုရိုက်လိုက်သည်။

"သွားအဲ့မှာ ထွက်သွား ပြန်မလာနဲ့ အပြီးပြန်သွား"

ကိုယ့်မှာတော့ ကျောင်းတတ်ချိန်လေးတောင် ခွဲမနေချင်သည်မို့ ကုတ်ကတ်ကာ ခေါ်ထားသော်ငြား ဒင်းကမာနခေါင်ခိုက်နေ၍ တိမ်ထိပ်စိတ်တိုလှပါသည်။ အေးအေးလည်းပြောမရ။ ပူပူဆူဆူနှင့်လည်းပြောမရတော့ ခက်သားလား။

ဦးမော်ကိုချစ်ဖို့မွေးဖွာလာပါတယ်.......။Where stories live. Discover now