သူမှသူ

406 18 4
                                    

Z&U

မော်ဦးတစ်ယောက် မနက်ကတည်းက ပြင်ရဆင်ရနှင့် အလုပ်များနေတော့သည်။ ရွှေတိဂုံဘုရားကို တိမ်ထိပ်နှင့်အတူသွားမည့်အပြင် မြို့ကိုပတ်မည်ဖြစ်၍ စားစရာသောက်စရာကအစ ထမင်းချိုင့်နဲ့ဗူးနှင့်ခွက်နဲ့ ထည့်ရသည်။

"ဦးမော် ဘာတွေထည့်နေတာတုန်းဟင်"

"လက်ဖက်သုပ်တို့ ဘာတို့ကွာ ကားပေါ်မှာမင်းစားရအောင် မုန့်တွေဘာတွေ ထည့်ထားတာ"

"အော်ဦးမော်ရယ် မြို့ပတ်ပါမယ်ဆို ရန်ကုန်မှာစားသောက်ဆိုင် ဒီလောက်ပေါနေတာလေ ဘာလို့အိမ်ကဟာ အလေးခံပြီးသယ်သွားမလဲ"

မောင်မင်းကြီးသားစကားကြောင့် မော်ဦးအနည်းငယ် စိတ်ပျက်သွားသည်။ ကိုယ့်မှာတော့ မနက်ကတည်းက လုပ်လိုက်ရတာ မောလို့ ဒင်းကမယူဘူးဆိုတော့ အမောဆို့ရသည်။

"ဦးကတ်စေးကုတ်ကြီး သွားမယ်လာ အင်္ကျီသွားလဲမယ် အဲ့ဒါတွေထားခဲ့ တိမ်ထိပ်နဲ့အတူ ဆင်တူလေး couple အင်္ကျီလေးဝတ်မယ်"

တိမ်ထိပ်က အတင်းဆွဲခေါ်သွားမှသာ မော်ဦးလေးတိလေးကန်နဲ့လျှောက်မိသည်။ စိတ်ညစ်ညူးသွား၍ ဘဝင်မကျတာပဲသိတော့သည်။

"လာပါဦးမော်ရဲ့ တိမ်ထိပ်ကိုယ်တိုင် ဝတ်ပေးမယ်လာလာ"

အင်္ကျီလဲပေးပြီး sun cream တွေပါလိမ်းကာ လုပ်ပေးလိုက်တော့ ဦးမော်က သပ်သပ်ရပ်ရပ်နှင့်ကြည့်ကောင်း လေသည်။ တိမ်ထိပ်ယောက်ျားက ဒီလိုမျိုးဆိုတော့ လူကြမ်းမင်းသားလိုပါပဲလား။







ဘုရားရောက်တော့ တိမ်ထိပ်က နောက်ကျောကနေ video ရိုက်နေသည်မို့ မော်ဦးမှာမနေတတ် မထိုင်တတ် ဖြစ်ကာ ဟိုကယားကျိကျိ ဒီကယားကျိကျိ နဲ့နေရထိုင်ရတာ အဆင်မပြေလှပေ။

"ဦးမော် နှင်းဆီပန်းဝယ်ဝယ် "

ခပ်လှမ်းလှမ်းက နှင်းဆီပန်းတစ်ပွေ့တစ်ပိုက်နဲ့ ကောင်မလေးကိုမြင်သည်နှင့် လက်ညိုးထိုးကာပြောသည်မို့ မော်ဦးမှာသွားရောက်ဝယ်ရလေသည်။

"တိမ်ထိပ်ရေ မင့်ပန်းကဈေးကြီးလိုက်တာကွား ရွာမှာဆို လွန်ဆုံးရှိ တစ်ပွင့် ၁၀၀ ပဲမင်းနှင်းဆီပန်းက ဘုရားကပ်မဲ့ရွှေဆိုင်းတွေများ ကပ်ထားသလားဟေ"

ဦးမော်ကိုချစ်ဖို့မွေးဖွာလာပါတယ်.......။Where stories live. Discover now