ဒါကိုချစ်မိသွားတယ်ခေါ်မလား။

1.9K 124 5
                                    

Z&U

"ဦးမော် ရေနွေးကြမ်းသောက်မလား"

ထမင်းစားဖို့ပြင်နေရင်း ကွတ်ပြစ်ပေါ်မှာထိုင်နေသော ဦးမော်ကို ရေနွေးအိုးမြှောက်ပြကာ မေးလိုက်မိသည်။ အရင်နေ့တွေကထက် ပူနေသော်ငြား အကြမ်းရည်မပါရင် ထမင်းမစားတတ်ထာ ဦးမော်အကျင့်မို့...။

"မင်းငါ့ကို အသေသတ်နေတာလား ဟမ် နေလုံးက ဖင်ထဲဝင်မတတ်ပူနေတာကို အကြမ်းရေပါသောက်ရရင် အပူဖုပေါက်ပြီး သေဖို့ပဲရှိတော့တယ်"

"သားက..."

"တော်တော် မင်းဆင်ခြေတွေ နွားခြေတွေ ပေးမှာကို ငါမကြားချင်တော့ဘူး စားတော့မယ်"

မော်ဦးထမင်းစားဖို့ဝိုင်းမှာထိုင်တော့ တိမ်ထိပ်ကဆူကောက်နေခြေပြီ။ နှုတ်ခမ်းကိုဆူကာ မျက်မှောင်ကျုံ့ထားသည်မှာ ဘဲရုပ်စိုးနှင့်တူလှသည်။

"မစားဘူးလားမင်းက"

"စားမှာပေါ့"

တိမ်ထိပ်အချော့မခံရမည့်အတူတူ ဆက်ပြီးဆူကောက်မနေတော့ပဲ စားစရာရှိတာကိုသာ စားလိုက်တော့သည်။ မနက်က အိမ်ရှေ့တွင်ရှိသော ကန်စွန်းညွန့်အချို့နှင့်ချက်ထားသော ချဉ်ဟင်းကို သောက်လိုက်တော့ ချဉ်ဖြုံ့ဖြုံ့နှင့် အမောပြေသွားသလို။

"တိမ်ထိပ် မင်းငါ့ကိုနွားများမှတ်လို့ မြက်တွေချက်ကြွေး နေတာလား ဟမ်"

"ဘယ်မှာလဲမြက် အာ မနက်ကအိမ်ရှေ့က ကန်စွန်းညွန့်ခူးတုန်းက မြက်ပါလာတာဖြစ်မယ် သားလည်းပြောင်အောင်ဆေးပါတယ် ဘယ်ကဘယ်လို"

တိမ်ထိပ်လည်း ခေါင်းကုတ်ဖင်ကုတ်ကုတ်ကာ ချဉ်ဟင်းထဲက မြက်ဖတ်ခပ်သေးသေးကို ဆွဲယူကာလွင့်ပစ်လိုက်လေတော့သည်။ ဦးမော်မျက်နှာကတော့ မဲသည်ထက်မဲကာ ညို့မှိုင်းလာသည်မို့ တိမ်ထိပ်ပါးစပ်ကလေးအသာပိတ်ကာ ချဉ်ဟင်းပန်းကန်ကို ကိုယ့်ရှေ့ကိုသာ ရွှေ့လိုက်ရလေသည်။

"ငါ့မှာ ထမင်းစားချင်တောင် မြက်နဲ့စားနေရတယ် တောက်!"

ဦးမော်ဒေါသသံကြောင့် တိမ်ထိပ်ကျုံ့ကျုံ့ရုံ့ရုံ့သာထိုင်ရင်း ငါးသလောက်ဟင်းတောင် ခပ်ထည့်မပေးမိတော့ခြေ။ စကားလည်းခွန်းတုံ့မပြန်ရဲပဲ တောင်ကြည့်မြောက်ကြည့်နှင့် မျက်စိရှေ့က ချဉ်ဟင်းနှင့်သာ တစ်ပန်းကန်ပြီးသွားလေသည်။









ဦးမော်ကိုချစ်ဖို့မွေးဖွာလာပါတယ်.......။Where stories live. Discover now