အမဲသား

1.9K 112 7
                                    

Z&U

တိမ်ထိပ်ဆူညံနေသောဈေးထဲမသွားချင်သည်မို့ ဦးမော်ကိုကြီး လွှတ်နေတာ ဒီနေ့နဲ့ဆို ၃ခေါက်တောင်ရှိပြီ။ သုံးခေါက်လုံးအမဲသားကိုသာ ဝယ်လာသည်မို့ တိမ်ထိပ်မျက်ခုံးခပ်လှုပ်လှုပ်ဖြင့် စောင့်နေရသည်။

ဦးမော်အသားမဲတာလည်း သိပ်ထွေထွေထူးထူးလို့ မထင်တော့ပေ။ စားတဲ့အသားကိုက အမဲသား။ တစ်နေ့တစ်လေလားဆိုတော့ မဟုတ်ပေ။ နေစဉ်ရက်ဆက် အမဲသား၊ နေ့လည်းအမဲသား၊ ညလည်းအမဲသားဖြင့် အမြဲလိုလိုအမဲသား စားသည်မို့ အသားမဲသည်မှာ မထူးစမ်းတော့ပေ။

"ဦးမော် အမဲသားပဲလား"

"ဟုတ်တယ် မင့်ဗိုက်ထဲပုဏ္ဏားလေးများဝင်စားသလား"

"ပုဏ္ဏားဝင်စားတာမဟုတ်ဘူး နေ့တိုင်းအမဲသားဝယ်လာလွန်းလို့ အမဲရုပ်ပေါက်တော့မဲ့အကြောင်း ကြိုသိနေတာ"

အမဲသားထုပ်ကို ဆွဲကာမီးဖိုချောင်ဆီခြေဆန့်ကာ သွားနေသော ဦးမော်နောက် ထပ်ကြပ်မကွာ လိုက်မိသည်။  အမဲသားဆေးဖို့ဇလုံရှာနေသည်မို့ လက်ကမနေသာ ငရုပ်ဆုံဘေးက ဇလုံကိုဆွဲပေးလိုက်ရပြန်သည်။

"ဒီလင်ဒီယောက်ျားပဲကွာ မဲတော့လည်း အတူမဲကြတာပေါ့"

"ဦးမော် မဲချင်သပဆို မဲလို့ရတယ် သားကိုမဲလာဆွယ်ဖို့ မစဉ်းစားနဲ့ မရဘူးလုံးဝမမဲစေရဘူး"

"ဟုတ်ပါပြီ"

တိမ်ထိပ်မျက်နှာဘက်လှည့်ကာ ရှုံ့တွပြသည်မို့ တိမ်ထိပ်စိတ်ညစ်ညစ်နဲ့သာ ထိုင်ကြည့်နေလိုက်တော့သည်။ တိမ်ထိပ်လည်း အမဲသားမကြိုက်သူမဟုတ် ကြိုက်ပါတယ် ဦးမော်တို့ကတော့ လွန်လွန်းသွားပြီ။

"ဦးမော် အမဲသားကိုဝယ်လာတာလေ ဘယ်မလဲအမဲသား ထမဆိုးကြမ်းတွေကြီးပဲ ဦးမော်!"

"မင်းကလည်း ဘာဖြစ်နေတာလဲ စားရခဲပေခြင်းကွ ထမဆိုးကြမ်းက"

မော်ဦးထမဆိုးကြမ်းကို ဆေးရင်းကျောရင်း တိမ်ထိပ်နဲ့လည်း အသတ်အပုတ်မပျက်။ နည်းနည်းလောက် အထွန်တတ်ရပြန်သေးသည်။ မဟုတ်လျှင် ဒင်းကမော်ဦးကို ရှိသည်လို့မထင်ပဲ တအားနိုင်စားပါ၏။

ဦးမော်ကိုချစ်ဖို့မွေးဖွာလာပါတယ်.......။Where stories live. Discover now