မင်္ဂလာပွဲ

2.2K 117 5
                                    

Z&U

တိမ်ထိပ်ဘုန်းဘုန်းဆွမ်းကပ်ဖို့ ပြင်ဆင်ပြီး တစ်ဖက်လှည့်တော့ ဦးမော်ကဘယ်ရောက် သွားလဲမသိပါခြေ။ အာရုံဆွမ်းကပ်ပြီးသည်မို့ ​တော်ရော့သည်ဆိုသော်ငြား နာရီကဆယ့်တစ်နာရီထိုးပြီးပြီမို့ ကပ်သင့်ပြီမဟုတ်ပါလား။ မျက်လုံးကိုကျီးကန်းတောင်းမှောက် နေရာစုံအောင်ကြည့်သော်ငြား ဦးမော်အားမတွေ့။ ဘုန်းကြီးကျောင်းပေါ်က ဆင်းပြီးကြည့်မှ စဉ်ဝင်အောက်တွင် ကားတွေကို နေရာခြနေလေသည်။

"နောက်ကိုဆုတ် ဆုတ်ထား ညာဘေးကိုဝိုက်မယ် ok ဟုတ်ပြီ"

တိမ်ထိပ်နဲ့ဆင်တူ ပိုးပုဆိုးကို ခြေသလုံးပေါ်အောင် ဆွဲဆွဲမြောက်ကာ ပြောနေသည်မှာ တကယ့်စပယ်ယာအတိုင်း။ နေအပူရှိန်ကြောင့် ညိုမဲနေတဲ့မျက်နှာက မဲပြောင်​နေ​ခြေပြီ။ တိမ်ထိပ်အံကိုတင်းတင်းကြိတ်ကာ လက်သီးဆုတ်ထားမိသည်။

"ဦးမော် ဘာလုပ်နေတာလဲ"

"ဒီမှာ မင်းအဖေသူငယ်ချင်းတွေကား အခက်အခဲဖြစ်တယ်ဆိုလို့ လာလုပ်ပေးတာ ကားကကျပ်နေတော့"

"ဦးမော်လုပ်စရာလား သူတို့မှာ driver မပါဘူးလား ဦးမော်က သတို့သားလေ စပယ်ယာမှမဟုတ်တာ လာ"

ဦးမော်လက်မောင်းကို ကျစ်နေအောင်ဆွဲကာ ဘုန်ကြီးကျောင်းပေါ် ဆွဲခေါ်လာလိုက်သည်။ နောက်မှာကျန်ခဲ့သော driver ကိုလည်းဧည့်ဝတ်ပြုမနေနိုင်ပါခြေ။

"စပယ်ယာတွေ ဘာတွေဟုတ်မလဲ တိမ်ထိပ်ရာ အကူအညီလိုနေတာလေ ကိုယ်ကကူညီပေးရမှာပေါ့ ငါတို့ဆီလာတာ ဒီတိုင်းကျော်သွားလို့ ရမလားကွ"

"ဦးမော်ကိုကျော်သွားဖို့ ပြောနေတာမှမဟုတ်တာ နေပူကြီးထဲကိုယ်တိုင် လိုက်လုပ်ပေးဖို့မှ မလိုတာဟာကို အဖေကလည်းလေ တကယ်ပဲသူများ​ယောက်ျားကို လာခိုင်းစားနေတယ် "

"မင်းအဖေကြားရင် ဓားနဲ့ထပ်ခုတ်နေမယ်"

တိမ်ထိပ်  ပြုတ်နေတဲ့အင်္ကျီကကြယ်သီးကို စေ့အောင်တပ်ပေးပြီး မျက်နှာ​ပြောင်ပြောင်က ချွးတွေကိုတစ်ရှူးနဲ့သုတ်ပေးလိုက်သည်။

"လာလာ သွားမယ် ဘုန်းကြီးက ဆွမ်းဘုန်းချင်နေပြီ"

"အင်း"

ဦးမော်ကိုချစ်ဖို့မွေးဖွာလာပါတယ်.......။Where stories live. Discover now