သစ္စာမရှိသောကျွန်မရဲ့မောင်

1K 53 1
                                    

#Unicode

"လမ်းခွဲကြရအောင် မောင်"

ဒီစကားလေးထွက်လာဖို့ ကျွန်မတော်တော်အားယူခဲ့ရတယ်ရယ်။ နှလုံးသားတစ်ခုလုံးကို ပေးဆပ်ခဲ့ရတာပေါ့လေ။

မောင်က အံ့သြသလိုလေး ပြန်ကြည့်လာတယ်။
ဒါပေမယ့်...မောင်က အကြောင်းပြချက်မတောင်းခဲ့သလို ကျွန်မကိုလည်း ဆွဲမထားခဲ့ပါဘူး။

"အင်း လမ်းခွဲကြတာပေါ့" တဲ့။

ကျွန်မဘက်က ဒီစကားလေးထွက်ဖို့ အချိန်အကြာကြီးယူခဲ့ကာ တွန့်ဆုတ်ခဲ့ရသလောက် မောင်ကတော့ သိပ်လွယ်ကူတာပဲကွယ်။

မောင်နဲ့ကျွန်မရဲ့ဆက်ဆံရေးဟာ ပြတ်တောက်သွားခဲ့ပြီ။
ကျွန်မ သိပ်ပင်ပန်းတယ်..မောင်ရယ်။

မောင်ကို ကျွန်မဘက်က အရင်ကျောခိုင်းထွက်ခွာခဲ့သည်။ ရင်ဘတ်ထဲမှာတော့ ဗြောင်းဆန်နေခဲ့တာ မောင်ကတော့ သိနိုင်မည်မဟုတ်ပါ။ မျက်ရည်တွေမထိန်းနိုင်ခဲ့ဘူးရယ်။ ကျွန်မက မောင့်အတွက်ဆို ခံစားလွယ်နေတုန်းပါပဲလား။

မောင်နဲ့ကျွန်မ ချစ်သူဖြစ်ခဲ့တာ သုံးနှစ်ကျော်ခဲ့ပါပြီ။ ကျွန်မအထက်တန်းနောက်ဆုံးတန်းကတည်းက မောင်က ကျွန်မကို လိုက်ခဲ့တာပါ။ မောင်က အတော့်ကို ဇွဲကောင်းခဲ့သည်ပေါ့။ ကျွန်မက မောင့်ကို တတိယနှစ်မှ အဖြေပြန်ပေးခဲ့တာရယ်။ အချိန်အကြာကြီးမောင်က ကျွန်မအတွက်စောင့်ဆိုင်းခဲ့တာရယ်။

အစပိုင်းတော့ သိပ်ပျော်ဖို့ကောင်းတာပဲ။ မောင်ကလေ သိပ်ပြီးနွေးထွေးတယ်။ ဂရုစိုက်မှုအပြည့်ပေးတယ်။ ကျွန်မရဲ့အလိုကျကို ဖြည့်စီးပေးခဲ့တာရယ်။

"မောင် ဗိုက်ဆာတယ်" လို့ပြောတာနဲ့ အိမ်ရှေ့ကိုအရောက်လာပြီး ကျွန်မကြိုက်တဲ့ ကြေးအိုးနဲ့Colaဗူးက ပါလာပြီးသား။

"မောင့်အတွက် မေက အရာရာပဲ"လို့ အမြဲပြောခဲ့တာရယ်။

"မောင် မေ့ကို ချစ်လား" လို့ မေးတိုင်းလည်း
"ပြောမပြတတ်အောင်ကို ချစ်ပါသတဲ့ဗျာ" ဆိုပြီး ဖြေနေကျ။

"မောင်နဲ့တူတဲ့ သားလေးနဲ့သမီးလေး မွေးပေးရမှာနော်" ဆိုပြီး ပူဆာတတ်သေးတယ်လေ။

Oneshot Collections by NaykyarNgaWhere stories live. Discover now