စိုင်းဘုံမင်းယံက ကျွန်တော့်ချစ်သူ

833 60 1
                                    

#Unicode

Warning- BL Oneshotဖြစ်တဲ့အတွက် LGBT allergicရှိတဲ့သူတွေနဲ့ LGBT haterတွေကို မဖတ်ဖို့အကြုပြုပါရစေရှင့်။ နည်းနည်းရိုင်းသည့်အသုံးအနှုန်းတချို့ပါဝင်တာမို့ နူးနူးညံ့ညံ့လေးကိုမှ ခံစားတတ်တယ်ဆိုရင်လည်း မဖတ်ဖို့အကြံပြုပါတယ်ရှင့်။

    ~~~~~~~~~~~~~~~~~~~~~~~~~~~~

Begin The Story,

"ခွပ်!"

"မအေ*ိုးရ! ခွေးကောင်! ဖယ်စမ်း"

"ဖယ်စေချင်ရင် တောင်းပန်လိုက်!"

"မင်းမေမို့ တောင်းပန်ရမှာလား! စိုင်းဘုံမင်းယံခွေးမသားရဲ့။"

"လုံးဝမဖယ်ဘူးကွာ!"

"စိုင်းဘုံမင်းယံ!!!မင်းငါ့ကို အနိုင်မကျင့်နဲ့ကွာ။"

"မင်းသူ့ကို ပြန်မကြိုက်ပါဘူးလို့ ကတိပေးလေ..."

"မပေးနိုင်ဘူး...မင်းနဲ့ဆိုင်လို့လား။"

"မင်းက ငါ့သူငယ်ချင်း!"

ဟုတ်ပါတယ်။ ကျွန်တော်နဲ့စိုင်းဘုံမင်းယံဆိုတဲ့ကောင်က ငယ်သူငယ်ချင်းကြီးတွေ။ ငယ်ငယ်ကတည်းက အတူသွား၊အတူလာ ဖြစ်ပြီး အခုထိလည်း ခင်မင်မှုမပြတ်ခဲ့ကြပါ။ စိုင်းဘုံမင်းယံအတွက်ကျွန်တော်က အချစ်ဆုံးသူငယ်ချင်းဆိုပေမယ့် ကျွန်တော့်အတွက်ကတော့....။

"ကြားလားလို့!"

"ငါ့ဘာသာ ပြန်ကြိုက်ချင်ကြိုက်မယ်! မင်းနဲ့မဆိုင်ဘူး စိုင်းဘုံမင်းယံ!"

"မင်းက ငါ့သူငယ်ချင်း!"

"သူငယ်ချင်းက သူငယ်ချင်းလိုနေ။"

"မင်းက ငါ့ချစ်သူ!"

"ဘာ!!!"

"ငါ့ချစ်သူ ပါဆို။"

"မင်းနော်။"

"မင်းနာမည် ဘယ်သူလဲ။"

"စိုင်းချစ်သူလေ..."

"ငါ့နာမည်ကရော"

"စိုင်းဘုံမင်းယံလေ.."

"စိုင်းက ငါ့နာမည်။ မင်းနာမည်က စိုင်းချစ်သူဆိုတော့ ငါ့ချစ်ပဲလေ။"

"မင်းမေလား!"

"အဟက်!"

ဘုံမင်းယံက ​ေ*ာက်ကျင့်လုံးဝမကောင်းတဲ့ကောင်ရယ်ပါ။ သူကကျ ချစ်သူကြီးငုတ်တုတ်နဲ့ ကျွန်တော့်ကို ဆိုရင်တော့ လိုက်ချုပ်ချယ်သည်က ရူးမတက်။ ကျွန်တော့်ကို ချဥ်းကပ်လာသည့်မည်သူ့ကိုမဆို နည်းအမျိုးမျိုးနဲ့ခြောက်လှန့်တတ်သည့်ဘီလူးကြီးရယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါ။ ကျွန်တော်ကလည်း ဘယ်သူ့ကိုမှသဘောမကျရဘူးတဲ့လေ။ ချစ်သူထားရင် အသေပဲဆိုပြီး ချိန်းခြောက်ထားသေးတာ။

Oneshot Collections by NaykyarNgaWhere stories live. Discover now