သျှန်ရှား၏ချစ်သုန္ဒီ

393 33 0
                                    

"သုန္ဒီ.....မောင်ကြီးလေကွယ်။ လာပါ လာခဲ့စမ်းကွယ့်။ မောင်ကြီး မျှော်နေစမ်းဘိ။"

"ဆင်းလာခဲ့ရော့ ချစ်သုန္ဒီ....မောင်ကြီးရဲ့ချစ်သုန္ဒီ။"

"လိမ္မာစမ်းပါဘိ.....မောင်ကြီးနောက်လိုက်ခဲ့တော့။"

ဆယ့်နှစ်နှစ်အရွယ်‌ကလေးလေးတစ်ဦးသည် ပင်လယ်ပင်ထဲသို့ တလှမ်းချင်းလှမ်းရင်း တရိပ်ရိပ်ဖြင့် နစ်မြုတ်လာသည်။ ခြေမျက်စိမှဒူး၊ ဒူးမှတင်ပါး၊ တင်ပါးမှခါး စသဖြင့် တကိုယ်လုံးစီးမြောချေတော့မည်။

ထိုကလေးမလေးသည် ညို့ယူခံထားရသယောင် တနေရာတည်းကိုပဲ စူးစိုက်ကြည့်နေရင်း ပင်လယ်ကြီး၏အောက်ခြေသို့ ၀င်ရောက်တော့မည်။
ကြီးမာသော လှိုင်းလုံးကြီးတွေကား ထိုကလေးအား ဝါးမြိုတော့မည်။

"သမီး သုန္ဒီ သမီးငယ်လေး!"

အသက်သုံးဆယ်ကျော်အရွယ်ယောက်ျားတစ်ဦးသည် ထိုပင်လယ်ထဲသို့ ပြေး၀င်၍ ထိုကလေးလေးအား ပွေ့ချီထားတော့သည်။

ကမ်းခြေကို ပြန်သယ်သွားတော့မှာ အမျိုးသမီးတစ်ဦးကလည်း စိုးရိမ်တကြီးဖြင့် ကြိုနေရှာသည်။

"သမီးငယ်လေး အဆင်ပြေရဲ့လားဟင် ကို။"

"အဆင်ပြေတယ် ခင်။ တော်သေးတယ် ကိုရောက်တာစောသွားလို့ မဟုတ်ရင် လှိုင်းပုတ်ခံရပြီး ရေစီးနဲ့မြောသွားနိုင်တယ်ကွာ။"

အဖေဖြစ်သူရင်ဘတ်ပေါ်ဖားလေးတစ်ကောင်ပမာ ဖယ်တွယ်ထားသော ကလေးလေး၏နောက်ကျောသေးသေးလေးကို အမေဖြစ်သူကပွတ်သက်ပေးနေရှာသည်။

"မေကြီး...."

"သမီးငယ်လေး ဘာဖြစ်လို့လဲ။"

"ဖေကြီး...."

"ပြော သမီးငယ်။"

"သူက မီးကို ခေါ်တယ်။ ဟိုးရေအနက်ကြီးထဲကို ‌လာခဲ့ဖို့ခေါ်နေတယ်။ မီးရဲ့နာမည်ကို ခေါ်နေတာ။ မီး ကြောက်တယ် ဟင့်။"

"မကြောက်ပါနဲ့ကွယ်။ အဆင်ပြေသွားမှာနော် မေကြီးရဲ့သမီးလေး။"

           ••••••••••••••••••••••••••••••••••

"သုန္ဒီမရေ ဒီဒီရေ......ငါရောက်ပြီဟေ့!"

Oneshot Collections by NaykyarNgaWhere stories live. Discover now