ငယ်ကချစ် နှစ်တစ်ရာတိုင်

613 40 4
                                    

#Unicode

"ဟဲ့ စောက်ကလေးလေး ငါ့အနားမကပ်နဲ့။"

"အဟင့် အူးဝါး!"

ခြောက်နှစ်အရွယ်ကလေးလေးတစ်‌ယောက်၏ငိုသံ နှင့် ဆယ့်ခြောက်နှစ်အရွယ်ကောင်မလေးတစ်ယောက်၏ဆူငေါက်အသံတို့သည် ပွက်ပွက်ဆူညံ့နေသည်။

ပုံ့ပုံ့ ထိုကလေးလေးကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်မိသည်။ နှာချေးတွဲလှဲ မျက်ရည်စီးကြောင်းများဖြင့် ထိုကလေး၏ပုံစံမှာ အောကလီဆန်စရာဖြစ်နေ၏။

သည်လိုအငိုသန်သည့်ကလေးတွေအား ပုံပုံ့မနှစ်သက်လှပေ။ နာညည်းစရာ၊စိတ်ရှုပ်စရာ သိပ်ကောင်းသည်လေ။

အခုလည်း မျက်လုံးရွဲကြီးများ၌ မျက်ရည်တို့ရစ်သီကာ ပုံ့ပုံ့ကို သနားစဖွယ်လိုက်ကြည့်နေသည်။

ဟွန့် ချစ်ချင်စရာကို မကောင်းဘူး။

"သမီး ပုံ့ပုံ့ ဘာလို့ မောင်လေးကို အနိုင်ကျင့်နေတာလဲ။"

"မကျင့်ပါဘူး။ သူ့ဘာသူငိုနေတာ....."

"အဲ့တာဆိုလည်း ချော့ရမှာပေါ့။ ကိုယ့်အိမ်ကိုလာဆော့တဲ့ကလေးကို သည်လိုပစ်ထားရသလား။"

"ဟွန့်!"

ထိုကြောင့် သည်ကလေးလေးကို ပို၍ ကြည့်မရပေ။
မေမေသည် သူမ၏သမီးဘက်ကလိုက်ပေးရမည့်အစား ထိုစောက်ကလေးလေးဘက်မှာနေ၍ ပုံ့ပုံ့အား အမြဲတစေဆူပူတတ်သည်။

ထိုကလေး၏ပုံစံကား ဖြူဖွေးလုံးကစ်နေပြီး ပါးဖောင်းဖောင်းကြီးနှစ်ဖက်ကို ပိုင်ဆိုင်ထားသည်။ လက်နှစ်ဖက်သည်လည်း ၀ကစ်နေပြီး လက်ဆစ်များသည် တစ်တုတ်ကာထိပ်လေးတွေကနီရဲနေသည်။ အော်ငိုပါလျှင်လည်း လျှာနီရဲရဲလေးသည် အူယားစဖွယ်ပေါ်လာတတ်သည်။

ချစ်စရာပုံစံမျိုးရှိသည့်ထိုစောက်ကလေးလေးအား လုံး၀မချစ်ပါ။

ပုံ့ပုံ့မှာကတော့ အညာသူပီပီ အသားညိုညက်ညက်ဖြင့် ပိန်သွယ်သောခန္ဓာကိုယ်ရှိသည်။ ဆယ့်ခြောက်နှစ်ပြည့်ပြီးသည့်တိုင်အောင် ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုးချေ။

'ပုံ့ညက်ခင်' သည် ပညာအရာမှာတော့ သိပ်ထူးချွန်၏။ ကျောင်း၌ပထမနေရာမှမဆင်းသူဖြစ်ကာ ပြိုင်ပွဲတိုင်းလည်း ဗိုလ်ဆွဲတတ်သည်။

Oneshot Collections by NaykyarNgaWhere stories live. Discover now