ထိုအငွေ့မှသည် ဘဲကြီးသို့

552 49 1
                                    

#Unicode

ဆေးလိပ်ငွေ့တချို့သည် မျက်နှာနုနုထက်သို့ အလုံးအရင်းဖြင့် တိုက်ခိုက်လာသည်။

"အဟွတ် အဟွတ် အဟွတ်!"

ထိုအငွေ့တို့ကြောင့် မွန်းကြပ်လာကာ ချောင်းတဟွတ်ဟွတ်ဆိုးလာရသည်။ အိမ်မှာ Assignment လုပ်နေရင်း မျက်စိညောင်းကိုက်ကာ ပျင်းရိလာတာကြောင့် အနားယူသည့်အနေဖြင့် လမ်းထိပ်မှကော်ဖီဆိုင်သို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။

လူရှင်းနေတာကြောင့် ထောင့်စွန်းဝိုင်းမှာ ၀င်ထိုင်ပြီး Mocha latteတစ်ခွက်ကို ဘေးမှာချလျက် ဆရာသိုးဆောင်းရေးသားထားသည့် 'အကြင်သူသည်' ဟူသောစာအုပ်အား ဖတ်လက်စနေရာမှ ဖတ်နေခြင်းဖြစ်သည်။

ထို၀တ္ထုထဲမှ ဇာတ်ကောင်တခုဆီတိုင်းသည် စိတ်၀င်စားဖွယ်ကောင်းလှသည်။ 'နန်းနွယ်'ဟူသည့်သူဠေးသားလေး၏အချစ်မေတ္တာကြီးမားပုံကို အတိုင်းသားမြင်တွေ့နိုင်သည်။ 'ယမင်းသူဇာ'ဆိုသည့်ဇာတ်မင်းသမီးလေးအား မေတ္တာသက်၀င်မိသော 'နန်းနွယ်'သည် သူ့၏ချစ်ရသူကို သူစွမ်းသမျှ ကာကွယ်ပေးရှာသည်။ အများသူငှာရှေ့၌ ကြွကြွရွရွလှလှပပဖြင့် ဇာတ်မင်းသမီးဆိုသော်လည်း ပိတ်ကာနောက်ကွယ်၌‌တော့ ခန္ဓာသည်တစ်ဦးဖြစ်နေလေ၏။

ဒါကို သိသွားသည့်တိုင်အောင် သူ၏အ‌ချစ်တွေမလျော့သွားခဲ့ပါ။ ဂရုဏာတရားပင် ထပ်တိုးပေါင်းစပ်ခဲ့သေး၏။ သို့သော် 'ယမင်းသူဇာ'၏နှလုံးသားကိုတော့ တခြားသူတစ်ဦးမှ အရယူထားပြီး ဖြစ်လေသည်။ 'နန်းနွယ်'ခင်မျာမှာတော့ သူ၏ယမင်းရုပ်ကလေးကို အဖြူထည်သက်သက် ပေးဆပ်ခဲ့ပါသည်။

ထိုလွမ်းမြေ့ဖွယ်၀တ္ထုအား စီးမြောနေတာကြောင့် ပတ်၀န်းကျင်ကို ဂရုမစိုက်နိုင်အား။

တထောင်းထောင်းထလာသော ဆေးလိပ်ငွေ့တို့ကြောင့် မျက်မှောင်ကြုတ်လျက် အရှေ့တည့်တည့်သို့ မော့ကြည့်မိရာ အမဲရောင်suitကို ၀တ်ဆင်ထားပြီး necktieကတော့ လျော့ရဲရဲဖြင့် အပေါ်ဆုံးကြယ်သီးနှစ်လုံးကို ဖြုတ်ထား၏။ Leather shoeသည်လည်း ပြောင်လက်နေချေသည်။ Panama hatကို ဆောင်းထားရမည့်အစား မျက်နှာကို အုပ်ဖုံးထားသည်။Old fashion man styleတော့ မဟုတ်ချေဘူး။

Oneshot Collections by NaykyarNgaWhere stories live. Discover now