Ep - 3

4.9K 443 51
                                    

(Unicode)

နေမကောင်းလို့ခေါင်းကိုက်နေတာကြောင့် မနက်အိပ်ရာမထဖြစ်သလို ထလည်းမထချင်ပါ။

အရင်ကပုံမှန်ဖြတ်သန်းသလိုမျိုး ရှေ့လျှောက်တော့ မဖြစ်နိုင်တော့။ ရှောင်းကျန့်ကို ပစ်ထားမယ်ဆုံးဖြတ်ပြီးမှတော့ စိတ်ပြတ်နိုင်တာပဲကောင်းသည်။

ဒါပေမယ့် သားသားကို မူကြိုပို့ဖို့ရာတော့ ရှိသေး၏။

ရှောင်းကျန့်မှာဖွင့်ထားတဲ့ ဘီရိုထဲကအဝတ်တွေကို ကြည့်လို့ ဘာဝတ်ရမှန်းမသိပဲ အကြံအိုက်နေလေ၏။

ငါးနှစ်လုံး ရိပေါ်က ပျက်ကွက်မှုမရှိ ရှောင်းကျန့်ဝတ်ဖို့ အကျီရွေးပြီးထုတ်ထားပေးတာဖြစ်လေသည်။ ရိပေါ်က ထုတ်ပေးတဲ့အဝတ်တွေကို အဆင်သင့်ကောက်ဝတ်တတ်တဲ့ရှောင်းကျန့်က ကိုယ်တိုင်ရွေးဝတ်ရမယ်ဆိုတော့ မရွေးတတ်ဖြစ်နေလေသည်။

ရိပေါ်ရှိရာကို စောင့်ငဲ့ကြည့်မိတော့ ရိပေါ်က ကျောပေးလို့ အိပ်နေတာကြောင့် သက်ပြင်းပဲချမိသည်။

နေ့စဥ်လုပ်နေကြအလုပ်ဆိုပေမယ့် ထိုအလုပ်တွေက ရိပေါ်ရဲ့အကူအညီမပါတဲ့အခါ မပြီးနိုင်ဖြစ်နေရသည်။

မရှိမှတန်ဖိုးသိရအောင်လည်း လူတစ်ယောက်လုံးက ရှိလျက်နဲ့ မရှိတဲ့သူလိုဖြစ်နေ၏။

ရိပေါ် နေမကောင်းလို့ ဘာမှ လုပ်မပေးနိုင်တဲ့ တစ်မနက်ခင်းလေးတောင်ပြာယာတွေခတ်နေရတာ ကွာများကွာလိုက်ရင်တော့ဖြင့် ရှောင်းကျန့်တို့ နေ့တိုင်းဘယ်လိုပုံနဲ့ နှစ်ပါးသွားရမလဲဆိုတာကို မှန်းဆကြည့်လို့တောင်မရပေ။

တွေ့တဲ့အကျီနဲ့ ဘောင်းဘီကို ကောက်လျှိုလို့ကုတင်ဘက်ကိုလျှောက်လာပြီး အိပ်နေဆဲ ရိပေါ်ရဲ့ နှဖူးကို စမ်းကြည့်မိသည်။ ကိုယ်ပူနေတာကြောင့် ဆေးခန်းပဲသွားခိုင်းရမလား ကိုယ်တိုင်ပဲ ဆေးခန်းလိုက်ပို့ပေးရမလားမသိ။

ရိပေါ်ကို ဆေးခန်းကိုလိုက်ပို့လိုက်ရင် ကျောင်းချိန်မှာ ခွင့်ယူရလိမ့်မည်။ ခွင့်ယူလို့လည်းမဖြစ်ပါ ကျောင်းသားတွေကို ကျူတိုရီယယ်စစ်ဖို့ ရှိ၏။

အရင်တုန်းက ဖာသိဖာသာနေခဲ့မိတာကြောင့် ရိပေါ်နေမကောင်းတဲ့အခါ ဘယ်လိုနေလဲတော့ ရှောင်းကျန့်လည်းမသိပါ။ တွေးကြည့်ပြန်တော့လည်း အားနာရသည်။

Highway To HeavenWhere stories live. Discover now