Ep - 17

3.5K 322 147
                                    

(Unicode)

အရင်နေ့ကကိစ္စကြောင့် ကုမ္ပဏီထဲမှာလည်း အမ်ဒီက ဇနီးရှိတာမဟုတ်ပဲ ခင်ပွန်းသည်ရှိတာဆိုပြီး သတင်းက ပျံ့နှံ့လျက်ရှိသည်။

ရိပေါ်လည်း ရှောင်းကျန့်ကို ခေါ်သွားပြီး တရားဝင်မိတ်ဆက်ပေးလ်ိုက်ရာ ပိုလို့ အုံးအုံးကျွက်ကျွက်ဖြစ်သွားသည်။

ကုမ္ပဏီဝန်ထမ်းတွေကြားမှာ ရှောင်းကျန့်က ရေပန်းစားနေ၏။ အမ်ဒီယောကျာ်းက ခန့်ညားလိုက်တာဆိုလို့ သဝန်တိုရတာရိပေါ်ပဲဖြစ်သည်။ ရှောင်းကျန့်ကတော့ မိန့်မိန့်ကြီး သူချောတာ သူသိတာပေါ့ဆိုတဲ့ပုံစံနှင့် ကုမ္ပဏီက ဝန်ထမ်းတွေ မြှောက်ပင့်ပြောဆိုတာကို အကြိုက်တွေ့နေလေသည်။

အမ်ဒီကတော့ ခပ်တည်တည်နဲ့ နေတတ်ပေမယ့် သူ့ယောကျာ်းကတော့ သဘောကောင်းပြီးဖော်ရွေတယ်ဆိုပြီး နာမည်ကောင်းပါရနေသေးသည်။

အရင်က အပြုံးအရယ် သိပ်မရှိတဲ့ ပါမောက္ခကြီးကလည်း ကုမ္ပဏီကိုရောက်တာနဲ့ ဝန်ထမ်းတွေကို သွားသုံးဆယ့်နှစ်ချောင်းလုံး ဖြည်းပြပြီး နှုတ်ဆက်နေသည်မှာ သွားတိုက်ဆေးကြော်ငြာနေသည့်အတိုင်း။

တစ်ပတ်လောက် ကုမ္ပဏီကို ခေါ်လာပြီးတဲ့နောက်မှာ ကုမ္ပဏီကဝန်ထမ်းတွေရော ရှောင်းကျန့်ပါ တရင်းတနှီးနှင့် အပေးအယူမျှလျက်ရှိကြတော့ နောက်နေ့တွေမှာ မခေါ်လာတော့ဘူးဟု ဆုံးဖြတ်လိုက်တော့သည်။

မခေါ်တော့ဘူးဆိုတဲ့နေ့မှာမှ ရှောင်းကျန့်က ကျိုးချန်ဆီ အလည်သွားဦးမယ်ဟုပြောတာကြောင့် ပြောစရာမလိုတော့ပဲ အသင့်ဖြစ်သွားသည်။

ဒီနေ့ညကျရင်တော့ ရှောင်းကျန့်အတွက် သီးသန့် အထူးအစီအစဥ်ရှိပါသေးသည်။

- Highway To Heaven -

" ရိပေါ်နဲ့ အဆင်ပြေတယ်မလား "

ကျိုးချန်နဲ့တွေ့တိုင်း ကျိုးချန်က ထိုသို့မေးလေ့ရှိ၏။ ကျိုးချန်နဲ့ ရှောင်းကျန့်က တစ်မြို့တည်းသာနေတာ ဖုန်းတစ်လုံးနဲ့ အမြဲအဆက်အသွယ်မလုပ်ဖြစ်ပေ။ ဒါပေမဲ့ လိုအပ်တဲ့အချိန်ကောက်ဆယ်သွယ်လို့ရအောင် ဆက်ဆံရေးကပေါ့ပါးသည်။

Highway To HeavenWhere stories live. Discover now