Ep - 12

3.5K 331 83
                                    

(Unicode)

သမီးရည်းစား ဘဝတစ်ခါလောက်သွားကြည့်ရအောင်ဟု ရှောင်းကျန့်က ပြောလာ၏ ။ သားသားကို မူကြိုပို့ပြီးနောက် ရှောင်းကျန့်ရဲ့ကားက ရုပ်ရှင်ရုံဘက်ကို ဦးတည်သည် ။

ရှောင်းကျန့်က လိုင်းပေါ်ကနေ လက်မှတ်ကြိုဖြတ်ထားပြီပြီတဲ့။ ဘာကားမှန်းမသိရသေးပဲ လိုက်လာလိုက်တာ ရုပ်ရှင်ရုံထဲရောက်မှ ရိပေါ်က ထွက်ပြေးချင်စိတ်ပေါက်လာသည်။

ရှောင်းကျန့်နဲ့ အတူကြည့်ရမယ့် ဇာတ်ကားက သရဲကားကြီး ။ သရဲကားဆိုရင်တော့ ကြည့်လို့မဖြစ်ပါ ။ ရိပေါ်သရဲကြောက်တတ်သည်ဆိုတာကတော့ ဝန်မခံချင်မှ အဆုံး။

ရိပေါ်က အိပ်ရင် တစ်ယောက်တည်းဆိုရင်တော့ မီးဖွင့်ထားပြီးမှအိပ်လေ့ရှိတတ်သူဖြစ်သည် ။ ရှောင်းကျန့်နဲ့ လက်ထပ်ပြီးနောက်ပ်ိုင်း ရှောင်းကျန့်က မီးစူးရင်မအိပ်တတ်ဘူးဆိုတာကြောင့် မီးပိတ်ပြီး အိပ်ခဲ့ရ၏။ ဒါပေမဲ့ ဘေးမှာ လူရှိနေတယ်ဆိုတဲ့ အသိကြောင့် ကြောက်တော့ မကြောက်ပေ ။

ဒါပေမဲ့ အိပ်ခါစဆို နှစ်ယောက်သားကျောပေးပြီး အိပ်ကြပေမယ့် ရိပေါ်က ရှောင်းကျန့် အိပ်ပျော်လောက်ပြီထင်တဲ့အချိန်မှာ ရှောင်းကျန့် ဘက်ကို လှည့်လို့ ကျောကအကျီစလေးကို လက်နဲ့ဖြစ်ဖြစ်ထိထားတတ်သည်။ ထိုနည်းနဲ့ အမှောင်ကြောက်စိတ် သရဲကြောက်စိတ်တို့ကို ဖြေဖျောက်ခဲ့ရသည် ။

ယောကျာ်းလေးတန်မဲ့ သရဲကြောက်တယ်ဆိုတဲ့ အကြောင်းကိုရှောင်းကျန့်အားပြောတော့မပြချင်ပါ။

ဒါပေမယ့် ဒီသရဲကားကို ကြည့်လည်းမကြည့်ချင်ပါ။ ဇာတ်ကားကြည့်ပြီးတာနဲ့ နှစ်ရက်သုံးရက်လောက်ထိ စိတ်တွေညည်းညူသွားမှာ ကိုယ့်ကိုယ်ကိုအသိဆုံး။

" သရဲကားဆို မကြည့်ချင်ဘူး အစ်က်ို "

ရုပ်ရှင်ကြည့်ရန် ပေါက်ပေါက်ဆုပ်နဲ့ ကိုလာဝယ်ပြီး တန်းစီနေမှ ရိပေါ်က မကြည့်ချင်ဘူးဟုဆိုလာသည်။ တွဲထားတဲ့ ရိပေါ်ရဲ့ လက်တစ်ဖက်က အနည်းငယ်အေးစက်နေသလားလို့။

" ကြောက်လို့လား "

မဟုတ်ဘူးဆိုပြီး ရိပေါ်ခေါင်းခါပြလိုက်သည်။

Highway To HeavenWhere stories live. Discover now