Ep - 20

3.4K 300 51
                                    

(Unicode)

အချိန်တွေက တရွေ့ရွေ့နဲ့ ကုန်ဆုံးသွားသည်မှာ အချိန်ကာလအားဖြင့် ခုနှစ်နှစ်ကျော် ရှစ်နှစ်ထဲရောက်လာပြီဖြစ်၏။

ရိပေါ်အသက်သုံးဆယ့်လေး ကျော်သွားပြီ ဖြစ်ပြီး ရှောင်းကျန့်မှာ လေးဆယ့်လေးနှစ်ရှိပြီ။ သားသားကတော့ လူပျိုပေါက်ကလေးတောင်ဖြစ်နေချေပြီ။

အသက်သုံးဆယ်လောက်မှာ နောက်ကလေးယူဖို့စဥ်းစားထားပေမယ့် သုံးဆယ်ပြည့်လို့လေးနှစ်ကျော်သွားပြီဖြစ်သည့်တိုင် ကလေးမယူဖြစ်ခဲ့သေးပါ။

ကြားကာလအတွင်း ရှောင်းကျန့်က ရာထူးတိုးဖို့လုပ်နေရတာနဲ့ရော ရိပေါ်က လုပ်ငန်းတွေတစ်ခုပြီး တစ်ခုချဲ့နဲ့ရတာနဲ့ အလုပ်များနေတာကြောင့်ပင်။

ခုတလော ရိပေါ်က အလုပ်ပင်ပန်းကာ အားနည်းနေတာကြောင့် မိသားစုဆရာဝန်ကိုပင့်ပြီး ဆေးထိုးရ၏။

နေမကောင်းတာတော့ ရိပေါ်ပေမယ့် အစာစားမယ်လုပ်တိုင်း အန်နေရတာ ရှောင်းကျန့်ပင်ဖြစ်လေသည်။ အထူးသဖြင့် အသားစားခါနီးဆို ညှီစို့စို့အနံ့ကြီးကြောင့်စားမရပေ။

ရိပေါ်ကတော့ ပုံမှန်စားမြဲစားဆဲဆိုပေမယ့် အစားအသောက်ကတော့ ခါတိုင်းထက်ပိုနည်းလာသည် ။

" ဂုဏ်ယူပါတယ်။ မစ္စတာ ဝမ်ရိပေါ်မှာ မစ္စတာရှောင်းရဲ့ မျိုးဆက်လေးရှိနေပါပြီ "

ဆရာဝန်ရဲ့ အတည်ပြုချက်မှာ နှစ်ယောက်လုံးဝမ်းပန်းတသာဖြစ်သွားရလေသည်။

လူလောကထဲကို နောက်ထပ် ဆည်းလည်းလေးတစ်ခုရောက်လာတော့မည်။

ဆရာဝန်ပြန်သွားတော့ ရှောင်းကျန့်လည်း ရိပေါ်ကို ထွေးဖက်လို့ နှဖူးက်ိုဖိကပ်နမ်းလိုက်၏။ ဝမ်းသာမှုတွေကတော့ အတ်ိုင်းမသိ။

" ကိုယ်ဝမ်းသာလိုက်တာ "

" အင်း ကျွန်တော်ရောပဲ "

ရိပေါ်ကလည်း ရှောင်းကျန့်ရင်ခွင်ထဲကိုတ်ိုးဝင်လို့ ဖုံးဖိမရတဲ့ အပျော်တွေက နှုတ်ခမ်းဖူးဖူးထက်မှာလာဖြစ်တည်သည်။

" ကိုယ် အလုပ်ထွက်တော့မယ် "

မထင်မှတ်ထားတဲ့စကားကြောင့် ရိပေါ်က ရှောင်းကျန့်ရင်ခွင်ထဲကနေ မျက်နှာကိုမော့ကြည့်မိသည်။ ရှောင်းကျန့်က ရိပေါ်လက်တွေကို ဆွဲယူကာ သူ့လက်တွေနဲ့ သိုင်းယှက်ရင်း လက်ချောင်းလေးတွေကို ကစားနေလေ၏။

Highway To HeavenWhere stories live. Discover now