Ep - 11

3.6K 357 82
                                    

(Unicode)

ဝီလီယမ့်ဆီကနေ ဖုန်းနံပါတ်အသစ်တစ်ခုနဲ့ဆက်သွယ်လာသည်။ ရိပေါ်လည်း နောက်ဆုံး အကြိမ်အဖြစ်တွေ့ဖို့ ချိန်းလိုက်ပြီး နောက်လည်း ထပ်ပက်သက်ဖို့ရာ အပြတ်ပြောဖို့ဆုံးဖြတ်ထား၏။

ဝီလီယမ်ချိန်းတဲ့နေရာက အရင်တုန်းက သူနဲ့ ဝီလီယမ် အမြဲတမ်းသွားတတ်ကြတဲ့ ကိတ်မုန့် ဆိုင်လေး။ ရိပေါ်အကြိုက်ကိတ်မုန့်လေးတွေက ထိုဆိုင်မှာရတတ်သည်။

ကိတ်မုန့်ဆိုင်လေးထဲမှာ ဖွင့်ထားတဲ့ အဲယားကွန်းကြောင့် လေထုက အေးစက်စက်ဆိုပေမယ့် ဝီလီယမ်တစ်ယောက် စိတ်လှုပ်ရှားပြီး ချွေးတွေထွက်နေကာ လက်ဖဝါးအချင်းချင်းပွတ်သပ်နေမိသည်။

မျက်နှာချင်းဆိုင်က ရိပေါ်ကတော့ ရှုတည်တည်နှင့်။ အရင်ကနဲ့ မတူပဲ ရင့်ကျက်လာတဲ့ ရိပေါ်က ဝီလီယမ့်မျက်လုံးထဲမှာ ချစ်စရာကောင်းဆဲ။

" ပြောစရာရှိရင် မြန်မြန်ပြောပေးပါလား။ ကျွန်တော်မအားလို့ပါ "

" သြော် အင်း အင်း "

ဝီလီယမ်က စကားစဖို့ပင် နည်းနည်းအချိန်ဆွဲနေပြန်သည်။ စားပွဲထိုးကောင်မလေးရောက်လာမှ ပြုံးယောင်သန်းသွားသလိုမျိုးနှင့်။

စားပွဲထိုးကောင်မလေးက ရိပေါ်ရှေ့ကို ချပေးသည်မှာ greentea တစ်ခွက်နဲ့ ချောကလက်ကိတ်။ ထိုအတွဲအစပ်ကို ရိပေါ်က အရမ်းကြိုက်တာကြောင့် ဝီလီယမ်က ကြိုမှာထားပေးခြင်းသာ။

ရိပေါ်က သူကြိုက်တတ်တဲ့ ချောကလက် ကိတ်နဲ့ greentea ခွက်ကိုကြည့်ပြီး မျက်နှာပျက်ရပြန်သည်။ အရင်တုန်းကတော့ သဘောကျပေမယ့် ခုလိုကြီး သတိတရ ဂရုစိုက်ပြတာမျိုးကို မလိုလားပါ။ သူနဲ့ကိုယ်နဲ့က ဘာမှမဆိုင်တာ။

" အရင်စားဦးလေ ရိပေါ်။ ကိုယ်က မင်းကြိုက်တတ်တာလေးတွေမှာထားတာ "

" အားနာပါတယ်။ ကျွန်တော့်အကြိုက်ပြောင်းသွားတာကြာပြီ။ ပြီးတော့ ဒီကိုလာတာစားဖို့လာတာမဟုတ်လို့ လိုရင်းကိစ္စကိုပဲပြောပါ မစ္စတာ ဝီလီယမ် "

ဘာကိုမျှော်လင့်နေတယ်ရယ်မသိ ပြုံးယောင်သမ်းနေဆဲ ဝီလီယမ့်မျက်နှာမှာ ညှိုးကျသွားသည်။

Highway To HeavenWhere stories live. Discover now