Ep - 14

3.3K 335 80
                                    

(Unicode)

" အစ်ကိုလေး ပြောစရာရှိလို့ပါ "

မနက်စောစောစီးစီး ရိပေါ်က အောက်ကို ရေဆင်းသောက်တုန်း ဟွားဟွားက ရိပေါ်ကို ပြောစရာရှိလို့ဆိုပြီးခွင့်တောင်းလာခဲ့၏။ မနက်ငါးနာရီရှိသေးပေမယ့် သူမရဲ့ပုံစံမှာ အနည်းငယ်လောနေသည့်ပုံ။

" ပြောလေ "

" ဟို ဟွားဟွားရဲ့ အမေက နေမကောင်းလို့ အဲတာ တစ်ပတ်လောက် နယ်ကိုပြန်ချင်လို့ "

" ဟမ် .... ဘာဖြစ်တာတဲ့လဲ "

" ကျောက်ကပ်ယောင်တာပါ.. အဲတာ အမြန်ပြန်မှဖြစ်မှာမို့။ အိမ်က မောင်လေးကလည်း ငယ်သေးတော့ ဘာမှ အားက်ိုးမရဘူးဖြစ်နေတယ် "

" ဒါဆ်ိုသွားလေ။ လောလောဆယ်ပိုက်ဆံကြိုထုတ်ပေးလိုက်မယ် "

" ဟုတ်... ကျေးဇူးတင်ပါတယ် အစ်ကိုလေး "

" ဟွားဟွားရဲ့ အမေ့ကိုသာကောင်းကောင်းဂရုစိုက်လိုက်ပါ "

" ဟုတ်ကဲ့ "

ရိပေါ်လည်း ဟွားဟွားကို လစာကြိုထုတ်ပေးလိုက်တဲ့အပြင် မုန့်ဖ်ိုးပါပေးလိုက်သည်။ အသွားစရိတ် အပြန်စရိတ်တွေပါ ရိပေါ်က ပေးလိုက်သေးသည်။ ဟွားဟွားကတော့ ရိပေါ်ကို နှုတ်ဆက်လို့ ထွက်သွားလေပြီ။ သူမက အလျင်လိုနေလို့ ရှောင်းကျန့်ကို မနှုတ်ဆက်နိုင်တော့ကြောင်းပြောသွားသေး၏။

ဟွားဟွားလည်းသွားလိုက်ရော ရိပေါ်လည်း သက်ပြင်းချမိ၏။ ယောက္ခမကြီးကလည်း သူ့ဇာတိချုံချင်းကိုပြန်တယ် သားသားကလည်း သူ့အဖိုးအိမ်မှာ အခု ဟွားဟွားကလည်း သူ့အမေနေမကောင်းလို့ပြန် ဆိုတော့ တစ်အိမ်လုံးမှာ ရိပေါ်နဲ့ ရှောင်းကျန့်သာ ကျန်တော့သည်။

ရှောင်းကျန့်ကတော့ ကိစ္စတစ်ခုခုအကြောင်းပြပြီး အိမ်ကနေ  ထွက်သွားဦးမှာလား။

ဟွားဟွားမရှိတော့ ရိပေါ်တို့ နှစ်ယောက်လည်း သေချာပေါက် အပြင်စာနဲ့ညားတော့မည်။ ရိပေါ်က ဟင်းမချက်တတ်တာမဟုတ်ပေမယ့် မိုးလင်းလို့ မနက်စာစားပြီးတာနဲ့ ကုမ္ပဏီကိုသွားရမယ့် ရ်ိပေါ်က ဘယ်လိုလုပ် ထမင်းဟင်းချက်နိုင်မှာလဲ။

Highway To HeavenWhere stories live. Discover now