Ep - 6

4.1K 382 145
                                    

(Unicode)

အသက်သုံးဆယ်ကျော်အရွယ် အမေတွေကြားက အဖေဆ်ိုလို့ ရိပေါ်တစ်ယောက်တည်းဖြစ်နေ၏။

ကလေးတွေကတော့ သီးသန့်ဆော့နေကြသည်။ အခုလုပ်တဲ့ပွဲလေးက ကျောင်းသားမိခင်တွေအချင်းချင်းရင်းနှီးစေရန်ရည်ရွယ်ချက်ဖြင့်ပြုလုပ်တာဖြစ်သည်။

ဖက်ထုပ်၊အသားပေါင်း ကိတ်မုန့်စသည်ဖြင့် မုန့်မျိုးစုံလုပ်နေရ၏။ ထိုအထဲမှာမှ ရိပေါ်လည်း တတ်နိုင်သလောက်ကူပေးသည်။ ယောကျာ်းလေးတန်မဲ့ အစားအသောက်တွေအကြောင်း ကျွမ်းကျင်နေတာကြောင့် တဖက်က ကျောင်းသားမိခင်တွေမှာ အံ့သြနေကြ၏။ သူတို့က ရိပေါ်ကို ဘာမှမလုပ်တတ်တဲ့ ကောင်လေးသာသာပဲထင်နေကြသည်ကိုး။

" ရှောင်ပေါင်းလေး ပါပါးက ဟင်းချက်တော်မယ့်ပုံစံပဲနော် "

ဖက်ထုပ်ပေါင်းလုပ်ဖို့ အစာသွတ်နေတဲ့ ရိပေါ်နားကို ကျောင်းသားမိခင်တစ်ယောက်က စကားလာပြော၏။

" ဟုတ် ! ဒီလိုပါပဲ "

ဘာပြန်ပြောရမှန်းမသိတာကြောင့် ခပ်တိုတိုပဲပြန်ပြောမိသည်။

" ကျွန်မဆို ဘာမှတောင်မလုပ်တတ်ဘူးရယ် ဟီးဟီး ။ ဒါနဲ့ ကျွန်မက ပင်းပင်းပါ "

" ကျွန်တော်က ဝမ်ရိပေါ်ပါ "

" ဒါဆို ကျွန်မက ရိပေါ်ကိုခင်လို့ရမလား ။ ကျွန်မကိုလည်းခင်လို့ရတယ်နော် ကျွန်မလည်း သားသားလေးကြောင့်သာ ဒီလိုလာရတာ ဘယ်သူနဲ့မှမရင်းနှီးဘူးရယ်။ ဒါပေမဲ့ ရိပေါ်ကျ ခင်ဖို့ကောင်းမယ်ထင်လို့ "

" ဟုတ် "

သူမကိုကြည့်ရတာ ရိပေါ်နဲ့ ရွယ်တူလောက်ဖြစ်ပြီး အတော်လေးသွက်လက်တဲ့ပုံပေါက်သည်။ ဝတ်ပုံစားပုံအရ သူဌေးသမီး ဘော်ကြော့လေးလားမသိ ။ ကလေးအမေဖြစ်သည့်တိုင်အောင် အပြုအမူတွေက ကလေးဆန်နေ၏။

" ဒီလိုမေးတာ ရိုင်းရာကျမလားမသိပေမယ့် ရိပေါ်က အသက်ဘယ်လောက်လဲဟင်။ ကျွန်မက ၂၈ ပြည့်တော့မှာ "

" ကျွန်တော်က ၂၆ နှစ်ပါ "

" ဒါဆို ငယ်တာပဲ။ မောင်လေးပေါ့ "

" ဟုတ် "

ပင်းပင်းဆိုတဲ့အစ်မက အသက်အရွယ်နဲ့မလိုက်အောင်ကို အတော်နုသည်။ ရိပေါ်တောင်ကြားကြားချင်း အံ့သြသွားရ၏။ ဘယ်သူနဲ့မှ စကားပြောဖော်မရှိသေး၍ အနေရခက်တဲ့ခံစားချက်တွေက ထိုအစ်မ စကားလာပြောတော့ နည်းနည်းသက်သာသွားရသည်။

Highway To HeavenWhere stories live. Discover now