1

22.9K 1K 71
                                    

《ယူနီကုဒ်》

Warning : OOC , ခွေးသွေး

" ဟေး မင်းတို့ကြားပြီးကြပြီလား ရှောင်းမိသားစုရဲ့
တစ်ဦးတည်းသောသားက အိုမီဂါတဲ့ကွ! "

" တကယ်ကြီးလား? ရှောင်းမိသားစုက အရင်က သူ့ကို
အယ်လ်ဖာလို့ ထုတ်ပြန်ထားဖူးတာမလား "

" မင်းနားမလည်ပါဘူးကွာ အဲ့ဒီ မိသားစုရဲ့ဂုဏ်ကို ထိန်း
လှပါတယ်ဆိုတဲ့ ရှောင်းအဘိုးကြီးက သူ့ရဲ့သားက အခြား
တစ်ယောက်ရဲ့ စိုးမိုးချုပ်ချယ်တာကိုခံရမယ့် အိုမီဂါဆိုတဲ့
အကြောင်း ထုတ်ပြောချင်ပါ့မလားကွ ဟားဟားဟား "

" ခဏလေး ငါအရင်က အဲ့ဒီရှောင်းကျန့်ကို တစ်ခေါက်
တွေ့ဖူးပါတယ်ကွာ သူက အိုမီဂါတစ်ယောက်လို့ လုံးဝကို
မထင်ရဘူး!!! အဲ့ဒါထက် သူက လွန်ခဲ့တဲ့ နှစ်နှစ်လောက်
ထဲက ပညာသင်ဖို့ နိုင်ငံခြား ရောက်နေတာလေ သူက အို
မီဂါတစ်ယောက်ဖြစ်မှန်း မင်းက ဘယ်လိုသိတာတုန်း "

" အဲ့ဒါကဒီလိုကွ ငါ့ဝမ်းကွဲအဒေါ်ရဲ့ အဝေးက တူမလေး
က ရှောင်းအိမ်တော်က အိမ်စေလေ သူမကပြောတာ အဲ့ဒီ
ရှောင်းကျန့်က အမည်မသိ အယ်လ်ဖာတစ်ယောက်ကြောင့်
ကိုယ်ဝန်ရပြီး အိမ်ကိုပြန်ရောက်လာသတဲ့ သူပြန်ရောက်
လာတုန်းက ရှောင်းသခင်မကြီးဆို ရှော့ခ်ဖြစ်ပြီး မူးပါလဲ
ကျသွားတာဆိုပဲကွ "

" ဝိုး စိတ်ဝင်စားဖို့တော့ကောင်းသားပဲ "

အတင်းအဖျင်းပြောနေကြတဲ့ လူနှစ်ယောက်က သူတို့
ကိုင်​ထားကြတဲ့ ဖန်ခွက်တွေကို အချင်းချင်း တိုက်လိုက်
ကြတယ်။ တစ်ပတ်အတွင်းမှာ ရှောင်းအိမ်တော်ရဲ့ တစ်ဦး
တည်းသော ဆက်ခံသူသခင်လေးက အိုမီဂါတစ်ယောက်
ဖြစ်သွားသတဲ့လေ။ ဒီလိုမျိုး လူထုရဲ့  အတင်းအဖျင်းပြော
ခံရမှာကို ကြောက်ကြလား? ရှောင်းကျန့်ကတော့ အရမ်း
ကြောက်တယ်။ သူ အဖေ့ကို မျက်နှာပျက်စေမိခဲ့ပြီဆိုတာ
ရှောင်းကျန့်သိတယ်။ စစ်ဆေးမှုမပြုလုပ်ရသေးခင်,ငယ်
ရွယ်စဥ် ကလေးဘဝမှာထဲက ရှောင်းကျန့်ဟာ သူနဲ့ ရွယ်
တူ ကောင်လေးတွေထက် ပိုပြီးတော့အရပ်ရှည်တာမို့လို့
ရှောင်းကျန့်အပါအဝင် ရှောင်းမိသားစု တစ်ခုလုံးက သူ့ကို
အယ်လ်ဖာတစ်ယောက်ဖြစ်မယ်လို့ တွက်ထားခဲ့ကြတာ။

အတွင်းရေးမှူးရှောင်းကနည်းနည်းထူးဆန်းနေသလိုပဲWhere stories live. Discover now