5

6.5K 714 50
                                    

Unicode.

ဝမ်ရိပေါ်ရေချိုးခန်းထဲက ပြန်ထွက်လာချိန်မှာ ဝမ်ရှောင်း
စော်လေးကလည်း နို့စို့ပြီးသွားပြီဖြစ်ပြီး ရှောင်းကျန့်ဟာ
သူ့ကို ငြင်ငြင်သာသာလေးနဲ့ ချော့သိပ်နေခဲ့ပါတယ်။

ဝမ်ရိပေါ်က မိသားစုအတွင်းမှာ တစ်ဦးတည်းသောသား
ဖြစ်တဲ့အလျောက် သူက ဘယ်အရာပဲလုပ်လုပ် ဆူဆူညံ
ညံနဲ့ လုပ်တတ်တဲ့အကျင့် ရှိနေခဲ့ပါတယ်။ အခုတစ်ခါမှာ
လည်း သူဟာ ရေချိုးခန်းတံခါးဝမှာရပ်ပြီး စိုစွတ်နေတဲ့
ဆံပင်တွေကို တဘက်နဲ့သုတ်ရင်း အော်ပြောလာလေရဲ့။

" ရှောင်းကျန့် ခင်ဗျားမှာ ဖိနပ်အပိုရှိလား? "

အိပ်ပျော်သွားခါနီးဖြစ်နေတဲ့ ဝမ်ရှောင်းစော်လေးက
အသံကြောင့် လန့်နိုးသွားခဲ့ပြီးနောက်မှာ ကျယ်လောင်စွာ
အော်ငိုပါတော့တယ်။ ရှောင်းကျန့်က ချော့မြှူနေရင်းနဲ့
ဝမ်ရိပေါ်ကို စိတ်ဆိုးမာန်ဆိုး လှည့်ကြည့်တယ်။ မင်းအဲ့
လိုမလုပ်ခဲ့သင့်ဘူးလို့ အကြည့်နဲ့ ပြောနေသလိုမျိုးပေါ့။

ဝမ်ရိပေါ် သူ့ရှေ့ကနေ လျှပ်စီးလို အကြည့်စူးစူးတွေ
ပစ်လွှတ်နေတဲ့သူကိုကြည့်ရင်း ဘေးဥပုဒ်ဖြစ်စေမယ့်
ကြည်နူးဖွယ်ကောင်းတဲ့ စကားလုံးတွေက သူ့စိတ်ထဲ
ကနေ ပေါက်ထွက်လာခဲ့တယ်။

သူ ရှက်ရွံ့စွာနဲ့ ခေါင်းနောက်ကို လက်နဲ့အသာပွတ်ရင်း
အမှားလုပ်မိထားတဲ့ ကလေးတစ်ယောက်ရဲ့ အသံလိုမျိုး
မေးခွန်းပြန်ထုတ်လိုက်တယ် :

" ဟို...ဖိနပ်အပိုများ ရှိသလားလို့? "

ရှောင်းကျန့်က ကလေးကိုပွေ့ထားလျက်နဲ့ပဲ ဖိနပ်စင်က
ဖိနပ်တစ်စုံကိုယူပြီး ဝမ်ရိပေါ်ရှေ့ ချပေးလာတယ်။ ဝမ်
ရိပေါ် ငုံ့ကြည့်လိုက်တော့ ဖိနပ်ပေါ်ကပုံစံက Sponge-
Bob Squarepantsကာတွန်းရုပ်လေးတွေဖြစ်နေတာ
ကို မြင်လိုက်ရတယ်။ ပြုံးနေတဲ့ အဝါရောင်အရုပ်လေး။

" အိုး~ အတွင်းရေးမှူးရှောင်းရဲ့အကြိုက်က...ဒီလို
ထူးခြားလိမ့်မယ်လို့ တကယ်ထင်မထားမိခဲ့ဘူး "

အတွင်းရေးမှူးရှောင်းကနည်းနည်းထူးဆန်းနေသလိုပဲWhere stories live. Discover now