7

4.8K 517 16
                                    

X Cityရဲ့ နွေရာသီက ယခင်ကလို ပူပြင်းပေမယ့်လည်း
ဒီတစ်ကြိမ်မှာတော့ သည်းမခံနိုင်လောက်အောင်ပါ။

လူတိုင်းရဲ့ ခန္ဓာကိုယ်ပေါ်ကို လေလုံတဲ့အလွှာတွေ တပ်ဆင်
ထားသလိုပဲ။ မလှုပ်ရှားရင်တောင်မှ ချွေးထွက်တယ်။

ရာသီဥတုက အရမ်းပူလွန်းလို့ အဆောက်အဦးရဲ့ နံရံတွေ
တောင်မှ ပူကျစ်နေပါတယ်။ သစ်ပင်တွေကြားမှာ ပုဇဥ်းတွေ
က တစ်ဖျစ်ဖျစ်မြည်နေပြီး အပူချိန်မြင့်မားမှုကြောင့် ကမ္ဘာ
ကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်နေသလိုမျိုးပါပဲ။

ဒီလိုရာသီဥတုမျိုးမှာ လူတစ်စုက အပူချိန်ကို စမ်းသပ်သလို
မျိုး စုရုံးနေကြပြီး ရံဖန်ရံခါမှာဆို လူအုပ်ဆီကနေ ပျော်ရွှင်မှု
ကြောင့် ပေါက်ကွဲထွက်လာတဲ့အသံတွေကို ကြားနေရတယ်။

ဝမ်ရိပေါ်က အမှတ်စဥ်မဲနှိုက်တဲ့အခါတွေမှာဆို အမြဲ ကံဆိုး
တတ်တယ်။ ပြိုင်ပွဲမှာ ကစားသမား ၄၆ယောက်ရှိတယ်။ သူ့
အမှတ်စဥ်က ၄၅ယောက်မြောက်ပဲ။ ဒါက ပြိုင်ပွဲရဲ့ ပထမဆုံး
နေ့ပါ။

" ရိပေါ် ဘယ်လိုလဲ? မင်းမျက်နှာကြီးကလည်းကွာ
နည်းနည်း စိတ်အဆင်မပြေလို့လား? "

သူနဲ့တစ်သင်းတည်းဖြစ်တဲ့ လောင်ရှဲ့က သူ့ဆီကို ရေတစ်
ဘူးပစ်ပေးလာရင်း သူ့ရှေ့မှာ သဘာဝအတိုင်း မတ်တပ်ရပ်
ရင်းနဲ့ သူ့(လောင်ရှဲ့)လက်ထဲက ရေဘူးကို လက်နဲ့ လှည့်
ဖောက်လိုက်ပြီးတော့ အပူဒဏ်ကို သက်သာစေဖို့ ခေါင်း
ပေါ်ကို အတိုင်းသား လောင်းချလိုက်လေရဲ့။

" ပူလိုက်တာကွာ ပူလွန်းလို့ အမြဲပါဝါပြည့်နေတဲ့ငါတောင်
မျက်လုံးတွေ မဖွင့်ချင်တော့ဘူး ဒီလိုမှန်းသိရင် ကားကို ပြန်
လှည့်ပါတယ် ဒါနဲ့ စကားမစပ် အရှေ့ခန်းက ရှောင်းဟိုင်ဆို
တဲ့ကောင်ကို သိတယ်မလား? အင်း , တို့ဝမ်ရိပေါ်အတွက်
တော့ ပြိုင်ဘက်ပေါ်လာပြီ ထင်ပါရဲ့ "

ဝမ်ရိပေါ်က ရေဘူးကို ဘယ်ဘက်နဲ့ ကိုင်ထားရာကနေ
ညာဘက်ဆီ ပြောင်းလိုက်ရင်း ရုတ်တရက် ဘာမှမထူး
ခြားတဲ့ အပြုံးမျိုးနဲ့ ပြောလာခဲ့တယ် :

" ကျွန်တော် သူ့အကြောင်း ကြားဖူးပါတယ် သူက အသက်မဲ့
တဲ့ လူတစ်ယောက်လိုပဲ ကျွန်တော်သာ သူ့ကို ကြောက်တယ်
ဆိုရင် ဒီပြိုင်ပွဲကို လာနေမှာတောင် မဟုတ်ဘူး "

အတွင်းရေးမှူးရှောင်းကနည်းနည်းထူးဆန်းနေသလိုပဲWhere stories live. Discover now