9

11.9K 796 157
                                    

Unicode.

နှစ်ပေါင်းများစွာကြာပြီးသည့်တိုင်အောင် ရှောင်းကျန့်ဟာ
ဖြစ်ပျက်ခဲ့သမျှကို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပါ။ အဲ့ဒီ
နေ့ညက သတင်းကြားပြီးနောက် သူ့ကို ဖမ်းဆီးဖို့ရာ ရောက်
ရှိလာတဲ့ သူ့ရဲ့ဖခင်က သူ့ကို အတင်းအကြပ်နဲ့ ပြန်ဆွဲခေါ်
သွားခဲ့ပြီး အခန်းထဲမှာ သော့ခတ်ပိတ်ထားခဲ့ကာ အခန်းရဲ့
အပြင်ကို ခြေလှမ်းတစ်ဝက်တောင်မှ လှမ်းခွင့်မရှိခဲ့ဘူး။

တစ်ပတ်လုံးလုံး သူဟာ လှောင်ပိတ်ခံထားရတဲ့ သားရဲ
တစ်ကောင်လို ရုန်းကန်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း သူ့
ဖခင်က သူ့ကို အယ်လ်ဖာဆီကနေ ဖြတ်တောက်ပစ်ဖို့
ဆုံးဖြတ်ခဲ့ပါတယ်။

အဆုံးမှာတော့ သူ့မိခင်က သူအစာငတ်ခံပြီး အားပျော့
လာတာကို မကြည့်ရက်နိုင်တော့တာကြောင့် သူမက သူ့
ဖခင်ဆီကနေ သော့ကိုခိုးယူပြီး တိတ်တဆိတ် ထွက်ခွာ
ခွင့်ပေးခဲ့ပါတယ်။

အမှောင်ထဲမှာ ပြေးလွှားနေချိန်မှာ သူ့ရင်ဘတ်ထဲက
နှလုံးက ခုန်ထွက်တော့မတတ် ဖြစ်နေခဲ့တာကို သူမှတ်
မိနေသေးတယ်။ ကောင်လေးကို တွေ့ရတော့မှာမို့ ​ဖြစ်
တည်လာခဲ့တဲ့ ပျော်ရွှင်မှု၊သူ့ရဲ့ တစ်ကိုယ်လုံးကို လောင်
ကျွမ်းသွားစေနိုင်တဲ့ ပူလောင်နေတဲ့ စိတ်ခံစားချက်၊သူ့
ဘဝမှာ ဘယ်တော့မှမေ့နိုင်တော့မှာ မဟုတ်တာမျိုး
ဖြစ်ကောင်းဖြစ်နိုင်တယ်။

ဒါပေမယ့် ဝမ်ရိပေါ်နဲ့ သူ့အဖွဲ့ တည်းခိုတဲ့ ဟိုတယ်ကို
သူရောက်သွားတော့ စကိတ်စီးပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်
ကြတဲ့ လူအုပ်စုဟာ ထွက်ခွာသွားကြပြီဆိုတဲ့အကြောင်း
ကို ဟိုတယ်ဝန်ထမ်းဆီကနေ သူကြားခဲ့ရပါတယ်။

သူက ' အကုန်သွားကြပြီလား ' လို့ မေးကြည့်လိုက်တော့
ပြိုင်ပွဲပြီးတဲ့နေ့မှာ ကောင်လေးတစ်ယောက်တော့ ကျန်ခဲ့
သေးပေမယ့် နောက်တစ်ရက်မှာပဲ သူလည်း ထွက်သွားခဲ့
ပြီး အကုန်လုံး check outလုပ်သွားပြီလို့ ပြန်ဖြေတယ်။

သူက နေရာမှာ အရူးတစ်ယောက်လို ရပ်နေခဲ့ပြီး သူ့ရင်
ဘတ်နဲ့ အဆုတ်များအတွင်း လေတွေ တစ်ဟုန်ထိုးတက်
လာသလို ခံစားလိုက်ရပြီး နာကျင်မှုကြောင့် သူ့မှာ တည့်
တည့်တောင် မရပ်နိုင်တော့ပါဘူး။ ဟိုတယ်ဝန်ထမ်းဟာ
ကြောက်လန့်သွားပြီး ကူညီပေးရမလားဆိုတဲ့အ​ကြောင်း
ကို လျင်မြန်စွာ မေးတယ်။ သူက ပေါက်ကွဲထွက်တော့မဲ့
နှလုံးသားကို ဖုံးအုပ်လို့ ခေါင်းခါပြလိုက်ကာ အကုန်လုံး
အဆင်ပြေပါတယ်လို့ ပြန်ဖြေလိုက်ပါတယ်။

You've reached the end of published parts.

⏰ Last updated: May 16, 2022 ⏰

Add this story to your Library to get notified about new parts!

အတွင်းရေးမှူးရှောင်းကနည်းနည်းထူးဆန်းနေသလိုပဲWhere stories live. Discover now