2

7.1K 916 68
                                    

Unicode.

ရလဒ်အနေနဲ့ ကလေးကို မဖျက်ချလိုက်ရပါဘူး။

ဒီရလဒ်က သူတို့နှစ်ယောက်ကြား အပြန်အလှန်
နားလည်မှုရသွားပြီး ကလေးကို ထိန်းသိမ်းဖို့ သ
ဘောတူညီမှုရသွားတာကြောင့်မဟုတ်ဘဲ ရှောင်း
ကျန့်က အဲ့ဒီညမှာပဲ မွေးဖွားလိုက်ရလို့ပါပဲ။

ပထမတော့ သူဘာဖြစ်နေမှန်း မသိပေမယ့် ဝမ်းဗိုက်
ထဲက နည်းနည်းအောင့်နေသလို ခံစားရတယ်။ နေ့
ခင်းဘက်မှာ စိတ်အပြောင်းအလဲ အတက်အကျတွေ
ဖြစ်ခဲ့ရလို့ ကလေးက ထိတ်လန့်နေတာကြောင့် ဖြစ်
မယ်လို့ သူထင်လိုက်တယ်။ နာကျင်မှုကို တဖြေးဖြေး
အသားကျသွားပြီးနောက်မှာတော့ ရှောင်းကျန့်ဟာ
မှေးခနဲ အိပ်မောကျသွားခဲ့ပါတော့တယ်။

ရလဒ်အနေနဲ့ ညလည်ခေါင်လောက်မှာ ဝမ်းဗိုက်ဆီက
ပြင်းထန်တဲ့ နာကျင်မှုဝေဒနာကြောင့် အိပ်မောကျနေရာ
ကနေ သူ ရုတ်တရက် နိုးလာခဲ့ရတယ်။ ဒီလိုနာကျင်မှုမျိုး
ကို သူတစ်ခါမှ မကြုံကြိုက်ဖူးဘူး။ တစ်ယောက်ယောက်
က သူ့အသွေးအသားတွေကို ဓားနဲ့ လှီးဖြတ်နေသလိုမျိုး၊
တစ်ယောက်ယောက်က သူ့ဗိုက်ကို အချွန်နဲ့ ထိုးနေသလို
မျိုး သူခံစားရတယ်။ သူဟာ အိုမီဂါတစ်ယောက်ဖြစ်တဲ့အ
ကြောင်း စစ်ဆေးချက်ထွက်လာပြီးထဲက အခုအချိန်အထိ
အခုလိုမျိုး နာကျင်မှုကို သူတစ်ခါလေးတောင်မှ မကြုံရဖူး
ဘူး။ နာကျင်မှုကြောင့် အော်ဟစ်အကူအညီတောင်းဖို့ရာ
အတွက် အသံတောင် ကျယ်ကျယ်မထွက်နိုင်ခဲ့ဘူးလေ။

အိုမီဂါတွေက ကလေးမွေးဖွားနိုင်ကြတယ်ဆိုပေမယ့်လည်း
အချို့သောအိုမီဂါတွေကတော့ အန္တရာယ်တွင်းထဲမှာ ရှိတတ်
ကြတယ်။ ပရော်ဖက်ရှင်နယ် ဆရာဝန်ရဲ့ လမ်းညွှန်မှုအောက်
မှာ ကောင်းကောင်းဆောင်ရွက်နိုင်ခြင်းမရှိဘူးဆိုလို့ရှိရင် ဖ
ခင်ရော ကလေးပါ အန္တရာယ်ဖြစ်မှာ စိုးရိမ်ရတယ်။  ရှောင်း
ကျန့် နာကျင်မှုကြောင့် ခေါင်းထဲမှာပါ မူးဝေလာခဲ့ပေမဲ့ သူ
ဟာ ခုတင်ပေါ်ကထဖို့ ကြိုးစားနေဆဲပါ။ အခန်းလေးထဲမှာ
ဘာအလင်းရောင်မှမရှိဘဲ ပြတင်းပေါက်ဆီက ထင်ဟပ်နေ
တဲ့ လရောင်မှိန်မှိန်လေးပဲရှိတာမို့လို့ အခန်းတွင်းလေထုက
ရှောင်းကျန့်အတွက် ပိုပြီးတောင် အေးစက်နေသလိုပါပဲ။

အတွင်းရေးမှူးရှောင်းကနည်းနည်းထူးဆန်းနေသလိုပဲWhere stories live. Discover now