6

5.1K 594 10
                                    

Unicode.

ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးက မြို့ကဒေသခံမဟုတ်ဘဲ
စကိတ်ဘုတ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့အတွက် City
Dကနေ ရောက်လာခဲ့တယ်ဆိုတာရယ်၊အသက်ဆယ့်ရှစ်
နှစ်ပြည့်တာ တစ်လလောက်ပဲရှိသေးတယ်ဆိုတာရယ်ကို
နောက်ပိုင်းမှ ရှောင်းကျန့်သိလိုက်ရတယ်။

သူက ကောင်လေးထက် ခြောက်နှစ်ကြီးတာတောင်မှ
လူတွေနဲ့ ဆက်ဆံတဲ့ အတွေ့အကြုံရယ်လို့မရှိဘူး။ သူ
တို့နှစ်ယောက်မှာ တူညီမှုများများစားစားရှိမှာ မဟုတ်
ဘူးလို့ ထင်ရပေမယ့်လည်း ရလဒ်ကတော့ သူတို့တွေ
က မထင်မှတ်ပဲ စကားစမြည် ပြောနိုင်နေကြတာပါပဲ။

ကောင်လေးက သူကြိုက်တဲ့ဂိမ်းတွေအကြောင်း၊သူသဘော
ကျရတဲ့ စကိတ်ဘုတ်နဲ့ မော်တော်ဆိုင်ကယ်တွေရဲ့အကြောင်း
ရှောင်းကျန့်ကို ပြောပြတယ်။ သူက စိန်ခေါ်ရတဲ့အရာတွေကို
နှစ်သက်ပြီး အဲ့ဒါတွေက အရမ်းကို စိတ်လှုပ်ရှားဖွယ်ကောင်း
ပြီး စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတယ်လို့ပြောတယ်။

ရှောင်းကျန့်မှာတော့ သူ့နေ့ရက်တွေက ပျင်းရိဖွယ်ကောင်း
လွန်းတာကြောင့်မို့ ကောင်လေးနဲ့ ဝေမျှပြီး ပြောစရာရယ်
လို့ မရှိဘဲ အချိန်အများစုမှာ ကောင်လေးပြောတာတွေကို
ပဲ တိတ်တဆိတ်နားထောင်ပြီး သူ့ရဲ့သဘောထားလေးတွေ
ကို ရံဖန်ရံခါမှပဲ ထုတ်ပြောတတ်ပါတယ်။

" ကျွန်တော့်ကို ဒီပွဲမှာ ဝင်ပြိုင်ခွင့်မပေးရင် ဘယ်တော့မှ
ပြန်မလာတော့ဘူးလို့ ကျွန်တော် အဖေ့ကို ပြောခဲ့တာ ဘာ
ပဲဖြစ်ဖြစ် ကျွန်တော်က သူ့ရဲ့သားပဲလေ "

ကောင်လေးရဲ့ ကလေးဆန်တဲ့ ရုန်းကန်မှုတွေကိုကြားတော့
ရှောင်းကျန့်မရယ်ဘဲ မနေနိုင်တော့ဘူး။ ရှောင်းကျန့်ဆီမှာ
လူတွေရဲ့ စိတ်ဝိညာဥ်ကို ဖမ်းစားနိုင်တဲ့ မျက်ဝန်းတစ်စုံရှိပါ
တယ်။ သူရယ်လိုက်တိုင်း မျက်ဝန်းထဲမှာ ကြယ်လေးတွေနဲ့
ပြည့်နှက်နေသလိုပဲ။ ဝမ်ရိပေါ်က အလန့်တကြားနဲ့ ကြည့်
လိုက်မိတော့ ရှောင်းကျန့်ဆီမှာ ချစ်ဖို့ကောင်းတဲ့ ယုန်သွား
လေးနှစ်ချောင်းပါ ရှိသေးတယ်ဆိုတာကိုပါ မတော်တဆ
သတိထားမိလိုက်ပါတယ်။

အတွင်းရေးမှူးရှောင်းကနည်းနည်းထူးဆန်းနေသလိုပဲWhere stories live. Discover now