4

7.1K 848 103
                                    

Unicode.

အချိန်ကုန်တာ အရမ်းမြန်တယ်။ လက်ထောက်က ကလေး
တစ်လပြည့်ကို ဘာလက်ဆောင်ပေးချင်လဲလို့ လာမေးသည်
အထိ ဝမ်ရိပေါ်က သူအဖေဖြစ်တာ တစ်လကြာပြီဆိုတာကို
အံ့သြနေဆဲပါ။ သူ့ကလေးတဲ့၊သူတွေးကြည့်တယ်၊သူကခုမှ
၂၃နှစ်ပဲရှိသေးတာလေ။ ဘယ်လိုလုပ် ကလေးအဖေတဲ့လဲ။

ကျောက်ရှစ်ယွမ်အပေါ် သူ့အပြစ်တွေ ပြေပျောက်စေဖို့ရာ
ကျောက်ရှစ်ယွမ်ကို အဖော်ပြုပေးဖို့ ဥရောပကို သူ တစ်ပတ်
ကျော်ကြာ ပထမဦးဆုံးလိုက်ပါသွားခဲ့ပြီး ပြန်ရောက်​ပြီးတဲ့
နောက်မှာတော့ အလုပ်ကိစ္စအတွက် နယူးဇီလန်ကို မနားဘဲ
သွားခဲ့ရတယ်။ ထင်ရှားစွာပဲ သူ့သားရဲ့ တစ်လပြည့်ကို သတိ
ရဖို့ လုံးဝကိုမှ အလုပ်တွေ ရှုပ်ယှက်ခတ်နေခဲ့တာလေ။

" နောက်ဆုံးတစ်ခေါက်တုန်းက နိုင်ငံခြားကနေ ငါယူလာ
တဲ့ ပုခက်ကို တစ်ယောက်ယောက်ကို ပို့ခိုင်းလိုက် "

သူက ညာဘက်မှာရှိတဲ့အံဆွဲကို ဖွင့်လိုက်ပြီး အထဲကနေ
အနီရောင်ဘူးလေးတစ်ခုကို ထုတ်လိုက်ပါတယ်။

" နောက်ပြီး ဒီဘူးကိုရောပဲ "

" ဟုတ်ကဲ့ပါ "

လက်ထောက်က အဲ့ဒါကိုယူဖို့ ရှေ့ထွက်လာခဲ့ပေမယ့်လည်း
ယူလို့မရခဲ့ပါဘူး။ သူက ခေါင်းကိုမော့ပြီး သူ့သူဌေးကို  ရှုပ်
ထွေးပုံနဲ့ ကြည့်လိုက်မိတယ်။ သူခဏလောက် စဥ်းစားနေမိ
တော့ ဝမ်ရိပေါ်က ပြုံးစစနဲ့ ပြောလာခဲ့တာက : " မေ့လိုက်
တော့ မင်းငါ့ကို X Cityသွားမယ့် လေယာဥ်လက်မှတ်တစ်
စောင် စီစဥ်ပေး ငါကိုယ်တိုင်ပဲ သွားလိုက်တော့မယ် "

လက်ထောက်က ခဏတာ တုံ့ဆိုင်းသွားပြီး ခေါင်းကိုငုံ့ရင်း
ပြောလာခဲ့တယ် : " ဟုတ်ကဲ့ပါ သူဌေး "

လက်ထောက်ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ဝမ်ရိပေါ်
ဝီချတ်မက်ဆေ့ချ်တစ်စောင် လက်ခံရရှိခဲ့ပါတယ်။ သူနှိပ်
ကြည့်လိုက်တော့ ဓာတ်ပုံတစ်ပုံကို တွေ့လိုက်ရပါတယ်။

ဓာတ်ပုံလေးကတော့ တစ်စုံတစ်ယောက်ရဲ့ လက်ထဲမှာ ရှိနေ
ပြီး ကောင်းကင်ပြာရောင်ရှပ်အင်္ကျီလေးကို ဝတ်ဆင်ထားတဲ့
ကလေးလေးတစ်ယောက်ရဲ့ပုံလေးပါ။ ကလေးလေးက သူ့ရဲ့
မျက်လုံးဝိုင်းလေးတွေနဲ့ လောကကြီးကို စူးစမ်းနေပါတယ်။

အတွင်းရေးမှူးရှောင်းကနည်းနည်းထူးဆန်းနေသလိုပဲWhere stories live. Discover now