အပိုင်း(၃)🍂

112 6 6
                                    

Unicode🍁

စာမေးပွဲပြီးခါစ ကျောင်းပိတ်ရက်ဖြစ်သည်မို့ နန်းက အိမ်လာခဲ့ဖို့ပြောနေလေသည်။ ကျောင်းဖွင့်ကတည်းက မတွေ့ရသည့် ရဲရင့်နဲ့မင်းလတ်တို့လည်း လာမှာတဲ့လေ။ သတ္တမတန်းထိ ခင်တို့လေးယောက်မှာ ကျောင်းတွင် တပူးပူးတတွဲတွဲပင်။ အဌမတန်းရောက်မှသာ သူတို့နှစ်ယောက်က ကျောင်းပြောင်းသွားသည်မို့ အိမ်သို့အလည်လာမှသာ တွေ့ရတော့သည်။

နန်းနဲ့မင်းလတ်တို့မှာ သူတို့ဘာသာသူတို့ ဇာတ်လမ်းလေး ရှိကြသည်။ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း မပြောကြလို့သာ အခုအခြေအနေမှာ ရပ်နေကြခြင်းဖြစ်သည်။ ခင်က နန်းရဲ့စိတ်ကို သိသော်လည်း မင်းလတ်ကို သေချာမခန့်မှန်းတတ်သည်မို့ နန်းကိုလည်း အတင်းမတိုက်တွန်းရဲ။ နန်း နာကျင်ရမှာကိုလည်း စိုးရိမ်မိသည်လေ။ သူတို့ဇာတ် သူတို့ကိုယ်တိုင်ကတာပဲ ကောင်းပါသည်။ ဘေးလူအနေနဲ့ ဝင်ပါလို့ မကောင်းသောကြောင့် မသိချင်ယောင်ဆောင်ပြီးသာ မျက်ကွယ်ပြုထားရသည်။

ခင့်အိမ်နဲ့ နန်းရဲ့အိမ်က သိပ်မဝေးလှ။ ကြားထဲ တစ်လမ်းသာ ခြားသည်။ ထို့ကြောင့် ခင်က စက်ဘီးနဲ့သာ နန်းရဲ့အိမ်ဘက် လာခဲ့လိုက်သည်။ နန်းတို့အိမ်ရှေ့ရောက်တော့ နန်းက အိမ်ရှေ့မှာ ရပ်စောင့်နေသည်။ နန်းရဲ့မိဘတွေက ချမ်းသာကြတာမို့ အိမ်ကလည်း အကြီးကြီးဖြစ်သည်။ အိမ်ကြီးသည့်အပြင် ခြံဝန်းကလည်း အကျယ်ကြီးဖြစ်သည်။ ထို့ကြောင့်လည်း အရင်ကတည်းက ခင်တို့လေးယောက်သား ဆုံနေကျနေရာက အမြဲတမ်း နန်းတို့အိမ်ဖြစ်ခဲ့လေသည်။ နန်းက ခင့်ကို တွေ့တာနဲ့ ပြုံးပြီး နှုတ်ဆက်သည်။

"လာ...ကြာလိုက်တာ မမရယ်။ ဟိုနှစ်ကောင်တောင် ရောက်နေပြီ"

"ငါက မကြာပါဘူး နန်းရယ်။ သူတို့ကိုက စောနေတာ"

"အေးပါ ထားပါတော့။ အိမ်ထဲသာ မြန်မြန်ဝင်။ ငါတော့ မြတ်နိုးတို့ကို စောင့်လိုက်ဦးမယ်"

"ဟင်...မြတ်နိုးတို့?"

"ဟုတ်သား နင့်ကိုပြောဖို့မေ့နေတာ။ ငါ မြတ်နိုးကိုလည်း ခေါ်ထားသေးတယ်။ သူ့အိမ်က သူ့သူငယ်ချင်းမပါရင် မလွှတ်လို့ သူ့သူငယ်ချင်းပါ ခေါ်ခဲ့မယ်တဲ့"

ချစ်ရပါသော.....(ခ်စ္ရပါေသာ.....)Tahanan ng mga kuwento. Tumuklas ngayon