အပိုင်း(၈)🍂

73 6 3
                                    

Unicode🍁

ဒီနေ့ ခင်တို့ရဲ့စီနီယာတွေက မေဂျာအလိုက် မောင်မယ်သစ်လွင်ကြိုဆိုပွဲ လုပ်မည့်အကြောင်း ပြောပြသည်။ ထိုညနေက ခင်တို့လည်း ကြိုဆိုပွဲအတွက် ပြင်ဆင်ကြရသည်။ နောက်နေ့တွေလည်း စီနီယာတွေက အချိန်ရရင်ရသလို ခင်တို့ကိုခေါ်ပြီး ပွဲအတွက်ပြင်ဆင်လေ့ကျင့်ပေးကြသည်။ ပြည့်စုံတို့ ‌ဗိသုကာမေဂျာ မောင်မယ်သစ်လွင်ကြိုဆိုပွဲက ခင်တို့ထက် တစ်ပတ်အရှေ့ရောက်သည်။ ထို့ကြောင့် ပြည့်စုံတို့က တချို့အတန်းချိန်တွေပါ ပျက်ကွက်ပြီး သွားလေ့ကျင့်ရသည်။

ပြည့်စုံတို့မေဂျာရဲ့ ကြိုဆိုပွဲနေ့မှာ ခင်တို့စီနီယာတွေကလည်း ပွဲအတွက်လေ့ကျင့်ဖို့ ခေါ်ထားသည်မို့ ခင်လည်း ကျောင်းသို့ လာရလေသည်။ ခင်တို့မေဂျာက လူမစုံသေး၍ ခင်နဲ့သီရိတို့နှစ်ယောက် ပြည့်စုံတို့ ကြိုဆိုပွဲဆီ သွားစပ်စုကြသေးသည်။ ခင်က ရောက်တာနဲ့ ပြည့်စုံကို ရှာမိနေသည်။ သို့သော် ကြာကြာမရှာလိုက်ရပါ။ ပြည့်စုံက ရိုးရိုးရှင်းရှင်း နက်ပြာရောင် အနောက်တိုင်းဝတ်စုံနဲ့ပင် လူကြားထဲထင်းနေသည်။ ခင်မှာတော့ သူ့ကို တမေ့တမော ငေးကြည့်နေမိသည်။ ပြည့်စုံရဲ့ ဆံပင်က အရင်ကလိုမျိုး ခပ်တိုတိုမဟုတ်တော့။ အခုခေတ်ယောက်ျားလေးများ ထားကြသော ဆံပင်ပုံစံမျိုး ခပ်လုံးလုံးလေး ဖြစ်သည်။ ခါတိုင်းဆိုရင် ပြည့်စုံက သူ့ဆံပင်ကို ဘာမှမပြင်ဆင်ထား၍ သူ့နဖူးကို ခေါင်းအရှေ့ပိုင်းက ဆံပင်တွေက ဖုံးအုပ်နေသည်။ အခုတော့ ပြည့်စုံက သူ့ဆံပင်ကို သေသေချာချာ ဖြီးလိမ်းပုံဖော်ထားပုံရသည်။ သူကအမြဲလိုလို ကြည့်ကောင်းနေသော်လည်း အခုက ပုံစံတမျိုးပြောင်းသွားပြီး ပို၍ပင် ချောမောနေတော့သည်။

ပြည့်စုံကို ငေးကောင်းနေတာနဲ့ သူ့ဘေးက ငြိမ်းချမ်းကိုတောင် ခင့်မှာသတိမထားမိလိုက်။ သူတို့နှစ်ယောက်လုံး ခင်တို့ကို တွေ့ပြီး ပြေးလာကြမှပဲ ငြိမ်းချမ်းကို မြင်မိသည်။ ငြိမ်းချမ်းကလည်း ပြည့်စုံလိုမျိုး ဝတ်စုံ အနက်ရောင်ကို ဝတ်ထားသည်။ ငြိမ်းချမ်းကလည်း ရောက်တာနဲ့ သီရိနဲ့စကားပြောနေ‌တော့သည်။ ခင့်မှာတော့ ငြိမ်းချမ်းကို ကြည့်ပြီး အံ့ဩမိသလို ပြုံးလည်းပြုံးမိပါသည်။ ခင်မြင်နေတွေ့နေကျ ငြိမ်းချမ်းက အရမ်းအေးပြီး စကားအလွန်နည်းသည်။ အခု‌တော့ သီရိကိုတွေ့တိုင်း စကားမရှိစကားရှာပြီး ပြောနေတတ်သည့် ငြိမ်းချမ်းကတော့ ခင်အတွက်ထူးဆန်းလို့နေသည်။

ချစ်ရပါသော.....(ခ်စ္ရပါေသာ.....)Where stories live. Discover now