အပိုင်း(၇)🍂

77 4 6
                                    

Unicode🍁

သီတင်းကျွတ်ကျောင်းပိတ်ရက်ကလည်း မျက်တောင်တစ်ချက်ခတ်လိုက်တဲ့ အချိန်လောက်ပဲ ကြာတယ်လို့ ထင်ရလောက်အောင် မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားလေသည်။ နောက်နှစ်ဝက် တစ်ခုလုံး ပြည့်စုံက ခင့်ကို ကျောင်းမှာတွေ့တိုင်း နှုတ်ဆက်သည်။ ထိုအချိန်တွေမှ လွဲ၍ ခင်တို့နှစ်ယောက်မဆုံဖြစ်တော့ချေ။ နွေရာသီကျောင်းပိတ်တော့လည်း ခင့်မှာ ခဏသာနားလိုက်ရသည်။ ခင့်မိဘတွေက ခင့်ကို တက္ကသိုလ်ဝင်တန်းအတွက် ကျင့်သားရအောင် နဝမတန်းမှာ ဘော်ဒါဆောင်သို့ ပို့လိုက်ကြသည်။ ထို့ကြောင့် နဝမတန်းနဲ့ တက္ကသိုလ်ဝင်တန်း တက်နေတဲ့ ၂နှစ်အတွင်း ပြည့်စုံနဲ့ရော တခြားသူငယ်‌ချင်း‌တွေနဲ့ရော ဘယ်သူနဲ့မှ ခင် မတွေ့ဖြစ်တော့ပေ။ နန်းနဲ့သာ သီတင်းကျွတ်နဲ့ နွေရာသီ ကျောင်းပိတ်ရက်တွေမှာ တွေ့ဖြစ်သည်။

ထို၂နှစ်အတွင်း ခင်တစ်ယောက် စာတွေနဲ့သာ လုံးပန်းနေရသဖြင့် တခြားအကြောင်းအရာတွေကိုလည်း မတွေးဖြစ်။ အဆောင်သို့ရောက်ခါစက ပြည့်စုံကို လုံးဝမေ့လိုက်နိုင်မည်ဟု ခင်ထင်ခဲ့မိသည်။ ထို့ကြောင့်လည်း ကျောင်းပိတ်ရက် အိမ်ပြန်ရင်တောင် ပြည့်စုံကို အဆက်အသွယ်မလုပ်ခဲ့ပေ။ သို့သော် တက္ကသိုလ်ဝင်တန်းစာမေးပွဲသာ ဖြေပြီးသွားသည်။ ခင် သူ့ကို မမေ့နိုင်ခဲ့။ သူ့အကြောင်းတွေးမိတိုင်း ခင် သူ့ကို လွမ်းရပါသည်။ သူနဲ့ ပတ်သက်တိုက်ဆိုင်တဲ့ အကြောင်းအရာတို့ကို မြင်ရကြားရတိုင်း ခင့်နှလုံးသားလေးက ခုန်ပေါက်နေမြဲပင်။ ခင် သူ့ကို ဘယ်လောက်ပဲလွမ်းလွမ်း သူ့ကိုတော့ မဆက်သွယ်ဖြစ်ခဲ့ပေ။ သူခင့်ကို မမှတ်မိလျှင်၊ အကယ်၍များ ချစ်သူရှိနေလျှင် ခင် ရင်ကွဲရမည်ပင်။ ထိုအတွေးတွေကိုက သူ့ကို မဆက်သွယ်မိအောင် တားဆီးနေခဲ့လေသည်။

တက္ကသိုလ်ဝင်တန်းပြီးတော့ ခင်က ငယ်ငယ်ကတည်းက ရည်မှန်းခဲ့သည့်အတိုင်း မန္တလေးနည်းပညာတက္ကသိုလ်မှာ မြို့ပြအင်ဂျင်နီယာမေဂျာ လျှောက်လိုက်သည်။ တက္ကသိုလ်ပထမနေ့မှာပဲ ခင် သူငယ်ချင်းအသစ်ရလိုက်သည်။ ခင်နဲ့ဖယ်ရီကားတူသည့် သီရိပင်။ ကျောင်းရဲ့ ပင်မအဆောက်အအုံကြီးမှာ စီနီယာတွေက မေဂျာအလိုက်ရှင်းပြပေးကြသည်။ မေဂျာမိတ်ဆက်လို့ ပြီးမှပဲ သီရိနဲ့ မိတ်ဆက်ဖြစ်တော့သည်။ သီရိက ခင်ဖို့ကောင်းသည်။ စကားပြောသွက်လက်ပြီး မျက်နှာလေးကလည်း ပြုံးရွှင်လို့နေသည်။

ချစ်ရပါသော.....(ခ်စ္ရပါေသာ.....)Tempat cerita menjadi hidup. Temukan sekarang