အပိုင်း(၁၄)🍂

63 4 2
                                    

Unicode🍁

ကျောင်းပိတ်ရက်များကုန်လွန်သွားတော့ ပထမနှစ်ဝက်စာသင်ရက်များသို့ ပြန်လည်ရောက်ရှိလို့လာသည်။ ခင်တို့တစ်ဖွဲ့ကတော့ ဒုတိယနှစ်စီနီယာများ ဖြစ်သွားလေပြီ။ ပထမနှစ်တုန်းကလို တစ်ခန်းတည်း အတူတူစာသင်ရတာမျိုးကလည်း ရှားပါးသွားပြီဖြစ်သည်။ မေဂျာအလိုက် အတန်းချိန်တွေရော စာသင်ခန်းတွေပါ ကွဲပြားသွား၏။ ခင်တို့သူငယ်ချင်းတွေထဲ မေဂျာတူသည့်သူများသာ အချိန်တိုင်းတွေ့နေရသော်လည်း မေဂျာမတူသူများကတော့ အတန်းအားချိန်များမှသာ တွေ့ဖြစ်ကြတော့သည်။

သို့ဖြစ်၍ ခင့်မှာလည်း ပြည့်စုံကို ကောင်းကောင်းမတွေ့ရသေးပေ။ တွေ့ပြန်ရင်လည်း သူငယ်ချင်းတစ်ပြုံကြီးနှင့်အတူ တွေ့ရတာကများသည်မို့ စကားကိုသေချာပြောချိန်မရပေ။ အရေးထဲ နှစ်စပိုင်းတွင် ပထမနှစ်များအတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲကိုလည်း ပထမနှစ် အာခီkingလည်း ဖြစ်ပြီး မေဂျာအလိုက်ကိစ္စအဝဝအတွက် ECတွေကို ကူညီနေကျဖြစ်သော ပြည့်စုံက ကူညီလုပ်‌ဆောင်ပေးရသည်။ ထို့ကြောင့် ခင်တို့အားလုံးဆုံဖြစ်ကြရင်တောင် ပြည့်စုံက တစ်ခါတလေ ကျန်ခဲ့တတ်သေးသည်။ ပြည့်စုံနှင့်တွေ့ဖြစ်ပြန်ရင်လည်း သူက သူဖွင့်ပြောထားတာနှင့်ပတ်သက်၍ ဘာဆိုဘာမှမပြောချေ။ ခင်တို့ သူငယ်ချင်းများ အားလုံးကတော့ သိထားကြပြီထင်ပါရဲ့။ ပြည့်စုံမရှိသည့်တစ်ရက် ယွန်းကတောင် နောက်ပါသေးသည်။

"ဟဲ့ မျှော်တော်ယောင်...နင့်မောင်တော် ပေါ်မလာတာကြာလှပြီမလား။ သူလာလာ မလာလာ နင်က စောင့်ရုံနဲ့မရတော့ဘူးလေ။ ခေါ်ရမယ်လေဟဲ့ ခေါ်ရမယ်လေ"

မျှော်တော်ယောင်ဆိုတာနှင့် ခင့်ကိုပြောမှန်း တစ်ဖွဲ့လုံးက သိနေပြီဖြစ်၍ ခင့်မောင်တော်ဆိုရင်လည်း ပြည့်စုံကိုပြောမှန်း သိနေကြလေပြီ။

"သူက ကြိုဆိုပွဲအတွက်ပြင်ဆင်နေရပါတယ်ဆိုတာကို ငါက ဘယ်လိုခေါ်ရမှာတုန်း"

"ဟဲ့ကောင်လေး လာပါဦးလို့ ခေါ်လိုက်လေ"

ထိုအခါ ငြိမ်းချမ်းနှင့်ဝေယံတို့က ပြုံးစိစိဖြစ်လာ၏။ သီရိကတော့ ခပ်တည်တည်နှင့် ဝင်ဖောက်ပြန်သည်။

ချစ်ရပါသော.....(ခ်စ္ရပါေသာ.....)Where stories live. Discover now