အပိုင်း(၁၅)🍂

70 6 2
                                    

Unicode🍁

ရဲရင့်ပြန်သွားတော့ ခင်လည်း အတန်းထဲသို့ အရှေ့ပေါက်ကနေဝင်လာခဲ့သည်။ ခါတိုင်းလို ပြည့်စုံရှိနေမည်ဟုအထင်နှင့် နှစ်ယောက်သားထိုင်နေကျခုံနေရာသို့ လှမ်းကြည့်လိုက်သည်။ သို့သော် ပြည့်စုံက ရှိမနေပါချေ။ အတန်းတောင်တက်ခါနီးနေပြီမို့ ပြည့်စုံနောက်ကျနေတာတော့မဖြစ်နိုင်။ ထို့ကြောင့် အခန်းထဲကို ဝေ့ဝဲကြည့်လိုက်ပြီး ရှာမိပြန်သည်။ ထိုအခါတော့ ပြည့်စုံကိုတွေ့ရပါသည်။ ဒါပေမယ့် ပြည့်စုံက စားပွဲပေါ်ခေါင်းမှောက်အိပ်နေလေသည်။

ခင့်မှာ ရင်ထဲဒိတ်ခနဲဖြစ်သွားပြန်၏။ ပြည့်စုံဆိုသည်မှာ ခင်အတန်းထဲဝင်လာတာနှင့် မျက်နှာပြုံးရွှင်ပြီး နှုတ်ဆက်တတ်တဲ့သူပင်။ အခုတော့ နောက်ဆုံးတန်းမှာ ထိုင်နေသည့်အပြင် ခေါင်းပါမှောက်အိပ်နေသောကြောင့် ခင့်မှာစိုးရိမ်သွားရသည်။ ပြည့်စုံ‌
နေမကောင်းများ ဖြစ်နေသလား။ ပြည့်စုံနားပြေးသွားပြီး အကျိုးအကြောင်းမေးချင်ပေမယ့် ခင်အတန်းထဲဝင်လာကတည်းက ဆရာမက ဝင်းအပေါက်ဝရောက်နေပြီဖြစ်သည်။ ထို့ကြောင့် ခင့်မှာ ထိုင်နေကျနေရာဆီသာ အပြေးဝင်ထိုင်နေလိုက်ရသည်။

ဆရာမက အတန်းထဲရောက်တော့ အရင်ဆုံး roll callခေါ်သည်။ ပြည့်စုံနာမည်ကိုခေါ်‌တော့ ခင့်အကြည့်တွေက နောက်ဆုံးတန်းဆီရောက်သွား၏။ ပြည့်စုံကိုမြင်တော့ ခင့်ရင်ထဲစို့နင့်သွားသည်။ ပြည့်စုံရဲ့မျက်လုံးတွေက အားပျက်အားငယ်မှုကို ဖော်ညွှန်းနေသယောင် မှေးမှိုန်လို့နေသည်။ မျက်နှာကလည်း ဖြူ‌ဖပ်ဖြူ‌ရော်ဖြစ်နေသလိုပင်။ မျက်လုံးထောင့်များကလည်း နီရဲနေသည်။ ပြည့်စုံ တစ်ခုခုဖြစ်နေတာတော့ သေချာနေပါပြီ။

ခင့်မှာ စာသင်ချိန်တစ်လျှောက်လုံး ဂနာမငြိမ်ပေ။ ဆရာမလစ်တိုင်း အနောက်ကိုပဲ လှည့်ကြည့်နေမိသည်။ စာထဲကိုလည်း အာရုံက ရောက်တစ်ချက် မရောက်တစ်ချက်။ ပြည့်စုံကိုကြည့်လိုက်တိုင်းလည်း စာအုပ်ကိုသာငုံ့ကြည့်နေလေသည်။ ခင့်ကိုလည်း တစ်ချက်မှ မကြည့်သေးချေ။ စာသင်ချိန်တွေက ခင့်အတွက်တော့ သည်နေ့မှ ပိုကြာနေသလိုပင်။ အတန်းဆင်းတော့လည်း ခင့်မှာ စာအုပ်တွေအမြန်သိမ်းပြီး နောက်ဆုံးတန်းဆီပြေးရပြန်သည်။ သို့သော် ခင်ရောက်ချိန်မှာ ပြည့်စုံကမရှိတော့ပေ။ အတန်းအပြင်ဘက် ထွက်ကြည့်ပြန်တော့လည်း ပြည့်စုံရဲ့ဆိုင်ကယ်ကမရှိတော့ပေ။

ချစ်ရပါသော.....(ခ်စ္ရပါေသာ.....)Where stories live. Discover now