အပိုင်း(၉)🍂

65 6 4
                                    

Unicode🍁

နေ့ရက်ပေါင်းများစွာ ကုန်လွန်ပြီးချိန်မှာတော့ နွေဦးကာလသို့ ရောက်လာလေပြီ။ တက္ကသိုလ်ကျောင်းဝန်းထဲက တမာပင်တို့အောက်‌ခြေမှာတော့ တမာရွက်ကြွေတို့ဖြင့် ဝါထိန်လို့ နေ၏။ သည်နွေဦးကာလမှာပင် ပထမနှစ်ဝက်‌စာမေးပွဲကလည်း စောင့်ကြိုလို့နေပြန်ပါသည်။ နောက်တစ်လခန့်ကြာလျှင် စာမေးပွဲဖြေရတော့မည်မို့ ကျောင်းသူကျောင်းသားတို့လည်း စာကို ကုန်းရုန်းလုပ်ကြရတော့သည်။ ကျောင်းဖွင့်စကတည်းက ခင်ရယ် သီရိရယ် ပြည့်စုံရယ် ငြိမ်းချမ်းရယ် လေးယောက်သား စုထိုင်နေကျ အာစီက စားပွဲဝိုင်းလေးမှာ အခုတော့ အခြားသူများပါရောက်နေတတ်၏။ မြို့ပြအင်ဂျင်နီယာ ရိုးဝမ်းနှင့် ဗိသုကာမေဂျာရိုးဝမ်းတို့ ရှိရာနေရာမဟုတ်ပါလား။ စာမေးပွဲနီးမှ ရိုးဝမ်းတွေဆီ အပူကပ်မည့် ကျောင်းသားကျောင်းသူများကလည်း ထုနဲ့ဒေး ရှိပုံပင်။ ဤသည်ကလည်း တက္ကသိုလ် ကျောင်းသားကျောင်းသူတို့ရဲ့ သဘာဝမို့ အပြစ်တော့ဆိုမရ။ အခုများတော့ မေဂျာအလိုက် ထိပ်ဆုံးရထားသည့် ခင်နှင့်ပြည့်စုံအပြင် အတန်းထဲ၌ စာကြိုးစားသည်ဟု နာမည်ရသော သီရိနှင့် ငြိမ်းချမ်းပါ အပူကပ်ခံနေရလေသည်။ ထိုထဲတွင် အိုင်တီ(IT)က ယွန်းနှင့်ဝေယံတို့မှာ အကဲဆုံးပင်။ ယွန်းက ခင်တို့နှင့် ဖယ်ရီကားတစ်စီးတည်းမို့ အတန်းမတူသော်လည်း ခင်တို့နှင့်ရင်းနှီးသည်။ ဝေယံကတော့ ယွန်းရဲ့သူငယ်ချင်းမို့ ခင်တို့နှင့်ပါ ခင်မင်သွားခြင်းဖြစ်သည်။ သူတို့နှစ်ယောက်နှင့် ခင်တို့မှာ အတန်းမတူတော့ အတန်းချိန်တွေပါ မတူကြပေ။ ထို့ကြောင့် ခါတိုင်းဆိုလျှင် သူတို့နှစ်ယောက်ကို အရိပ်အယောင်ပင် မြင်ရဖို့ ခက်ခဲလေသည်။ သူတို့နှစ်ယောက်ကလည်း အားနေ အတန်းလစ်ဖို့ ချောင်းနေကြသူများဖြစ်၏။ စာမေးပွဲတွင်းရောက်မှသာ ခင်တို့ဆီ အတင်းတွယ်ကပ်နေကြတော့သည်။ စာမေးပွဲအတွက် အရေးကြီးသည့် စာများကို ကူးပြီးချိန်မှာ ယွန်းကတော့ မောပန်းသွားဟန်ဖြင့် ထိုင်ခုံကျောမှီကို ခြေပစ်လက်ပစ် မှီချပစ်လိုက်သည်။ ပြီးမှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ကမန်းကတမ်း ကုန်းထပြန်သည်။

ချစ်ရပါသော.....(ခ်စ္ရပါေသာ.....)Where stories live. Discover now